ဗန်းမောက်မြို့နယ်၊ ပါသက်ကျေးရွာအနီးလုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် KIA/ PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွား KIA/PDF ၂ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

အောက်တိုဘာ ၂၅

      စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့များ သည် ယမန် နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ပါသက်ကျေးရွာအနီးအရောက်တွင် အကြမ်းဖက် KIA/ PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရပါသည်။

     ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက် KIA/ PDF များသည် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးခဲ့ကြရကြောင်း ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရပါသည်။

       အကြမ်းဖက် KIA/ PDF များဆုတ်ခွာထွက် ပြေးပြီးနောက် တိုက်ပွဲဖြစ်နေရာတွင် အကြမ်းဖက်  KIA/ PDF ၂ လောင်း၊ ၁၂ ဗို့သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၆ တောင့်၊ ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက် KIA/ PDF များသည် လက်နက်မဲ့ ပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ်ရာတွင် လက်မတွန့် သလောက် တပ်မတော် လုံခြုံးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိဘဲ ကစဥ်ကလျားထွက်ပြေးနေရကြောင်း ဒေသခံပြည်သူများက ဆိုပါသည်။

#PAN