ခရမ်းချဥ်သီးစားခြင်း၏ ကောင်းကျိုးများနှင့် ဆိုးကျိုးများ

PAN ၏ ကျန်းမာရေးကဏ္ဍ

      ခရမ်းချဥ်သီးသည် အရသာကောင်းမွန်ရုံတာမကဘဲ Lycopene ဟုခေါ်တဲ့ Antioxidant ဓာတ်တွေနဲ့ အခြား Vitamin၊ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် နှလုံး၊ ကျောက်ကပ်နဲ့ ဦးနှောက်တို့ကို ကောင်းမွန်အောင် လုပ်ဆောင် ပေးပါတယ်။ ခရမ်းချဥ်သီးကို နေ့စဥ်စားသုံးခြင်းသည် Calcium ဓာတ်ပါဝင်မှုကို မြှင့်တင်ပေးနိုင်ပြီး အသားအရေ အတွက်လဲ ကောင်းမွန်စေပါတယ်။နောက်ပြီး ခရမ်းချဥ်သီးအစေ့များသည် Vitamin C၊ အမျှင်ဓာတ်တွေ ကြွယ်ဝ တာကြောင့် အလွန်အစွမ်းထက်ပါတယ်။

       ခရမ်းချဥ်သီးအစေ့တွေက အရေပြား၊ နှလုံး၊ ကိုယ်အလေးအချိန်နဲ့ ကိုယ်ခံစွမ်းအားများအတွက်လည်း အကျိုးပြု ပါတယ်။ ဒါ့အပြင် ခရမ်းချဥ်သီးအစေ့တွေက အစာချေဖျက်မှုအတွက် ကောင်းမွန်စေပြီး အမျှင်ဓာတ်နဲ့ amino acid ကြွယ်ဝစွာပါဝင်ပြီး အာဟာရဓာတ် စုပ်ယူမှုတို့ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းရှိတဲ့ cholesterol ကိုထိန်းညှိရာမှာလည်း အထောက်အကူ ဖြစ်စေပါလို့ ကျန်းမာရေးပညာရှင်အချို့ရဲ့ အဆိုအရသိရပါတယ်။

       ဒါပေမယ့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင် ရာ ပြဿနာများခံစားနေရတဲ့ သူတွေက ခရမ်းချဥ်သီးအစိမ်း သို့မဟုတ် ခရမ်းချဥ်သီးအစေ့တွေကို စားသုံးခြင်းမှရှောင်ကြဥ်ရမှာဖြစ်ပြီး ၎င်းရဲ့ acid ဓာတ်တွေပါဝင်မှုကြောင့် ရင်ပူခြင်းနဲ့ အစာ ခြေစနစ်ကို ဆိုးရွာစွာထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ ခရမ်းချဥ်သီးကို အလွန်အကျွံစားသုံးခြင်းက Solanine လို့ခေါ်တဲ့ alkaloid ပါဝင်တာကြောင့် အဆစ်တွေ ရောင်ရမ်းခြင်းနှင့် နာ ကျင်ခြင်းတို့ကို ဖြစ်ပေါ်စေကြောင်း ကျန်းမာ ရေးပညာရှင်တွေက ပြောထားပါတယ်။

#PAN