ပုဂ္ဂလိကလုပ်ငန်းများတိုးတက်စေရေး နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ၊ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်တွင် ထုတ်ပြန်ပေးသွားမည်

စက်တင်ဘာ ၃၀

     ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၅/၂၀၂၃)ကို စက်တင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကား ပြောကြားသည်။

         အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

         ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံအနေဖြင့် မိမိတို့ခြေ ထောက်ပေါ်တွင် ရပ်တည်နိုင်ရေး အဓိကကြိုးစားအားထုတ်ရမည်၊ ပြည်တွင်းကုန်ထုတ်လုပ်မှု စွမ်း အားများကို မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်ရမည်၊ နိုင်ငံတော်တာဝန်စယူခါစ အစောပိုင်းကာလများတွင် တည်ငြိမ် အေးချမ်းရေးကို ဦးစားပေးဆောင်ရွက်ရသည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးကို အလေးပေးဆောင်ရွက်နိုင်ခြင်းမရှိခဲ့ သော်လည်း နောက်ပိုင်းတွင် စီးပွားရေးကို ဖိဖိစီးစီးဖြင့် အားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အလုပ်လုပ်ရန် မည်သို့ပင် တိုက်တွန်းနေစေကာမူ အလုပ်လုပ်နိုင်ရန် ဖန်တီးပေးမှု၊ အားပေးကူညီမှုမရှိပါက စွမ်းအားပြည့် အလုပ်လုပ်နိုင်မည်မဟုတ်၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အားပေးကူညီမှုများကို ဖော်ဆောင်ပေးနိုင်မှသာလျှင် အလုပ်ကို အင်ပြည့် အားပြည့် လုပ်နိုင်မည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် စီမံခန့်ခွဲသည့်သူများက စနစ်တကျဖြင့် စီမံခန့်ခွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လာမည့်အောက်တိုဘာ ၁ ရက်တွင် စတင်ပြုလုပ်မည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူမှုအတွေ့အကြုံအပေါ် မူတည်၍ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူမှုအား ပြုလုပ်သွားမည်ဖြစ် ကြောင်း၊ ယင်းအပေါ်မူတည်၍ ခိုင်မာမှန်ကန်သည့် မဲစာရင်းများ ရရှိလာပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုး ကြောင့် ရပ်တန့်ထားရသည့် စက်ရုံများ ပြန်လည်လည်ပတ်၍ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စက်ရုံများအတွက် လိုအပ်သည့် ပြင်ဆင်မှုများနှင့် အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်ရုံများ လည်ပတ်နေခြင်းဖြင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကလုပ်ငန်းများ ကလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွက် လိုအပ်သည့်ထုတ်ကုန်များကို အပြည့်အဝထုတ်လုပ်နိုင်ရေး ပုဂ္ဂလိက လုပ်ငန်းများ၏ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေသုံးစွဲမှုများနှင့် ပတ်သက်၍ မလိုလားအပ်သည့် နေရာများတွင် အပိုငွေများ ကုန်ကျမှုမရှိအောင် ချွေတာသုံးစွဲခြင်းဖြင့် ပိုလျှံမှုများကို အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက် လုပ်ငန်းများ တိုးတက်အောင်မြင်မှုရှိစေရေး အပြန်ပြန်အလှန်လှန် စိစစ်၍ ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ ထိထိရောက်ရောက်ဆောင်ရွက်ပြခြင်းဖြင့် အလုပ်ဖြင့်သက်သေပြကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

       နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံ ၏ကုန်ထုတ်စွမ်းအားစုများ၌ ပါဝင်သည့် ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့မှုများ၊သက် သာချောင်ချိရေးကိစ္စများ၊ စရိတ်များကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ထပ်မံ၍ နိုင်ငံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စဉ်းစားဆောင်ရွက် လျက်ရှိပြီး မကြာမီအချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းဖြင့် မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။

#PAN