တရုတ်သို့ ပြောင်းတန်ချိန် လေးသိန်းတင်ပို့နိုင်ရန်ဆောင်ရွက်နေ

စက်တင်ဘာ ၃၀

     ယခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန်လေးသိန်းတင်ပို့နိုင်ရန် ခန့်မှန်းထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရပါ သည်။

       ယခင်က ထိုင်းနိုင်ငံကို ပြောင်းသီးနှံအများဆုံး တင်ပို့တာဖြစ်သော်လည်း အခွန်ကင်းလွတ် ခွင့်ကာလမှာ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိသာ ရခြင်းကြောင့် စက်တင်ဘာ လတွင် တင်ပို့မှု သိသိသာသာလျော့နည်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

       ယခုနှစ် စက်တင်ဘာလမှစပြီး တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့ရန် ဈေးကွက်ရှာဖွေလာပြီး ဘိန်းအစား ထိုးပြောင်းအပြင် GACC နှင့်ပါ တင်ပို့ရန် လုပ်ဆောင်နေပါသည်။

        စက်တင်ဘာလအတွင်း လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှ တရုတ်သို့ ပြောင်းတန်ချိန် ၁၂၅၀ နှင့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၂၉၄တန် တင်ပို့ခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။

        ပြောင်းသီးနှံကို တရုတ်ဈေးကွက်အပြင် ဗီယက် နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကိုလည်း တင်ပို့နိုင်ရန် ဆောင် ရွက်နေကြောင်း သိရပါသည်။

#PAN