အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖြင့် ဂျာမနီဝယ်ယူမည်

စက်တင်ဘာ ၃၀

     ဂျာမနီနိုင်ငံသည် အစ္စရေး၏လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ အသုံးပြုကာ ဝယ်ယူသွားမည်ဖြစ်သည်။ စက်တင်ဘာလ ၂၈ ရက်တွင် နှစ်နိုင်ငံ သဘောတူကြေညာချက်တွင် လက်မှတ်ရေးထိုးပြီးနောက် ယခုလို ဝယ်ယူမှုပြုလုပ်မည်ဖြစ်သည်။

         Arrow 3 လေကြောင်းရန် ကာကွယ်ရေးစနစ်သည် ရန်သူဒုံးကျည်များကို လေထုအပြင်ဘက် အမြင့် ၁၀၀ ကီလိုမီတာကျော်တွင် ဖျက်ဆီးပစ်နိုင်သည်။ နှစ်နိုင်ငံအတွက် သမိုင်းဝင်နေ့ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုရစ် ပစ်စတိုရီးယက်စ် က သဘောတူညီမှုတွင် လက် မှတ်ရေးထိုးပြီးနောက် ပြောကြားခဲ့သည်။

#PAN