ပုဇွန်တောင်မြို့နယ် ဂတ်(စ်)အိုးဆိုင်တစ်ခုတွင် ဂတ်(စ်)အိုးအကြီးမှ ဂတ်(စ်)အိုးအသေးသို့ ဂတ်(စ်)ဖြည့်နေစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွား

စက်တင်ဘာ ၃၀

     ရန်ကုန်တိုင့းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၅)ရပ်ကွက်၊ အောက်ပုဇွန် တောင်လမ်း၊အမှတ်(၄၅၄) နေ ဦးမင်းသူနိုင်၊ ၃၄နှစ်(ဘ)ဦးတင်နိုင်၊ ၁၂/ပဇတ (နိုင်)၀၃၃၇၄၈၊ အိန္ဒိယ/ အစ္စလာမ်၊AMT ဂတ်(စ်)အိုးဆိုင်ပိုင်ရှင်၏ AMT ဂတ်(စ်) အိုးဆိုင်တွင် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျား ၄ ဦး၊ မ ၁ ဦး စုစုပေါင်း ၅ ဦး ထိ ခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

        မီးလောင်မှုဖြစ်ပွားရာသို့ ဇွန်တောင်မြို့နယ်မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၇ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်။

        အဆိုပါ မီးလောင်မှုကြောင့် အောင်နိုင်ဝင်း၊ ၂၀ နှစ်၊ (ဘ)ဦးအောင်ဌေး၊ မပတ-လျှောက်ထားဆဲ၊ မွတ်ဆလင်/အစ္စလာမ်၊ အလုပ်သမား(AMT ဂတ်(စ်)အိုးဆိုင်)၊ အမှတ်-မရှိ၊ (၂)လမ်း၊ နွယ်အေးရပ်ကွက်၊ ဒေါပုံမြို့နယ်တွင် ဝဲ/ယာခြေတို့တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ တင့်လွင်၊ ၂၉ နှစ်၊(ဘ)ဦးအပါလွင်၊ မပတ-ရှိ(မမှတ်မိ)၊ မွတ်ဆလင်/အစ္စလာမ်၊ အလုပ်သမား (AMT ဂတ်(စ်) အိုးဆိုင်)၊ အမှတ်-မရှိ၊ (၂)လမ်း၊ နွယ်အေးရပ် ကွက်၊ ဒေါပုံမြို့နယ်တွင် ဝဲ/ယာခြေတို့တွင် မီး လောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ အောင်မျိုးဦး၊ ၂၄နှစ်၊(ဘ) ဦးမျိုးမြင့်အေး၊ မပတ-မရှိ၊ မွတ်ဆလင်/အစ္စလာမ်၊ အလုပ်သမား(AMT ဂတ်(စ်)အိုးဆိုင်)၊ အမှတ်-(၄၅၄)၊ အောက်ပုဇွန်တောင်လမ်း၊အမှတ် (၅)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်တွင် ဝဲ/ယာလက်နှင့်ဝဲ/ယာခြေ၊ တင်ပါးတို့တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ သီဟနိုင်၊ ၁၈ နှစ်၊ (ဘ)ဦးလှမြင့်၊ မပတ-ရှိမမှတ်မိ၊ မွတ်ဆလင်/အစ္စလာမ်၊ အလုပ်သမား(AMT ဂတ်(စ်)အိုးဆိုင်)၊ အမှတ်-(၄၅၄)၊ အောက်ပုဇွန်တောင်လမ်း၊အမှတ်(၅) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်တွင်ဝဲ/ ယာလက်နှင့် ဝဲ/ယာခြေတို့တွင် မီးလောင်ဒဏ်ရာ၊မျက်စိ အနည်းငယ် စပ်(မစိုးရိမ်ရ)၊ စိုးစန္ဒာထွန်း၊ ၂၄နှစ်၊ (ဘ)ဦးစိုးညွန့်၊ ၉/လဝန(နိုင်)၂၄၉၇၆၁၊ ဗမာ/ဗုဒ္ဓ၊ စာရေးဝန်ထမ်း (AMT ဂတ်(စ်)အိုးဆိုင်)၊ အမှတ်-(၁၅)၊ရေကျော်ကွက်သစ်လမ်း၊အမှတ် (၇) ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်တွင် ဝဲလက် မောင်းပွန်းပဲ့ဒဏ်ရာ၊ ဝဲဒူးခေါင်းတွင်မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရပါသည်။

        မီးလောင်မှုဖြစ်စဥ်မှာ အဆိုပါဆိုင်၏ဂတ် (စ်)အိုးများထားရှိသော နောက်ဖေးခန်းအတွင်းမှ မီးလောင်မှုစတင်ခြင်းဖြစ်ပြီး ဆိုင်ရှိအလုပ် သမားများသည် အဆိုပါအခန်းအတွင်း၌ ဂတ်(စ်)အိုးအကြီးမှ ဂတ်(စ်) အိုးအသေးသို့ ဂတ်(စ်)ဖြည့်နေစဉ် ဂတ်(စ်)အိုးအကြီးမှ ပိုက်ပြုတ်ထွက်၍ မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်သည်။

      ဂတ်(စ်)အိုးများအား စနစ်တကျထားရှိခြင်းမရှိသူ ဆိုင်ရှင် ဦးမင်းနိုင်သူအား ဥပဒေအရ အရေးယူ တရား စွဲဆိုအမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

#PAN