ဆားလင်းကြီးမြို့ နယ်၊ မြင်းညာဘွားကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းစဥ် လူသတ်အကြမ်းဖက်သမား PDF များနှင့် တွေ့ ဆုံတိုက်ပွဲများဖြစ်ပွား၊လက်နက်ခဲယမ်းများနှင့်အတူ PDF ၃ ဦးကို အသေဖမ်းဆီးရမိ

စက်တင်ဘာ ၃၀

       စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ နယ်၊ မြင်းညာဘွားကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် လူ သတ်အကြမ်းဖက်သမား PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်များ ဖရိုဖရဲ ဆုတ်ခွာထွက် ပြေးသွားကြရကြောင်း သိရသည်။

      ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှ အကြမ်းဖက် သမား PDF ၃ ဦးကို M-22  ၁ လက်၊ ကာဘိုင် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၅ တောင့် တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       ယခုရက်ပိုင်းအတွင်း တပ်မတော်စစ်ကြောင်းများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက  နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိရာ အကြမ်း ဖက်သောင်းကျန်းသူ PDF များနှင့် ထိတွေ့တိုက်ပွဲများနေ့စဥ်ဖြစ်ပွားလျှက်ရှိပါသည်။

       ထိုသို့ တိုက်ပွဲများတွင် အကြမ်းဖက်သမား PDF များကို လက်နက်ခဲယမ်းများ နှင့်အတူ အသေဖမ်းဆီးရမိသည့်အခါ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို စိစစ်ကြည့်ရာ တစ်ဦးလျှင် ခဲယမ်းအနည်းငယ်သာရှိကြပြီး တပ်မ တော်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားလျှင် အချိန်ကြာကြာ ခုခံတိုက် ခိုက်နိုင်စွမ်းမရှိဘဲ ဆုတ်ခွာထွက်ပြေးနေကြရကြောင်း သိရပါသည်။

(Internet အခက်အခဲကြောင့် ဓာတ်ပုံမှတ်တမ်း ဖော်ပြခြင်းမပြုနိုင်ပါ)

#PAN