ရေးမြို့နယ်ရှိ ကွတ်တီယိုဆိုင်တစ်ခုတွင် အကြမ်း ဖက်သမား PDF များက တပ်မတော်အရာရှိတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

စက်တင်ဘာ ၃၀

     ယ‌နေ့  နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မွန် ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် ခြေမြန်တပ်ရင်းမှ  အရာရှိတစ်ဦးကို အကြမ်းသမား PDF များက သေနတ်ဖြင့် အနီး ကပ်ပစ်ခတ်၍ ထွက် ပြေးသွားကြောင်း သိရှိရပါသည်။

      ဖြစ်စဉ်မှာ ၎င်းတပ်ရင်းဌာနချုပ်၏ အနောက် တောင်ဘက် မီတာ(၁၅၀၀)ခန့်အကွာရှိ ကံလှကျေးရွာရှိ ခေါင်းကြီးပိုင်ဆိုင်သည့် အအေးနှင့် ကွတ်တီယိုဆိုင်၌ အဆိုပါ တပ်မတော်အရာရှိက စားသောက်နေစဉ် အကြမ်းဖက် PDF အဖွဲ့ (စိစစ်ဆဲ)မှ အမျိုးသား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး အသင့်ပါလာသော လက်နက် ငယ်ဖြင့် အနီးကပ်ပစ်ခတ်သွားကြောင်း၊ ၎င်းအကြမ်းဖက်သမား PDF များမှာ စုံပဒေါက်ကျေး ရွာ ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

        ထိုသို့ ပစ်ခတ်မှုကြောင့် အဆိုပါ တပ်မတော်အရာရှိတွင်  ဦးခေါင်းငယ် ထိပ်ဖောက်ဝင် ၊ ဘယ်ပါးဖောက်ထွက် ၁ ချက်၊ ဘယ်နားအနီးဖောက်ဝင် ၁ ချက် ရရှိခဲ့ပြီး အခင်းနေရာတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်ဖြစ်ပွားမှုအပေါ် နယ် မြေလုံခြုံရေးအဖွဲ့များက ပိတ်ဆို့ရှာဖွေ နယ်​မြေရှင်းလင်းလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN