ရှယ်ယာတွေ ထုတ်ရောင်းခဲ့တဲ့ လီဗာပူးလ်

စက်တင်ဘာ ၃၀

     လီဗာပူးလ်ကို ပိုင်ဆိုင်ထားတဲ့  Fenway Sports Group က ရှယ်ယာ ပေါင် ၈၂ သန်းကနေ ပေါင် ၁၆၄ သန်းဖိုးကို Dynasty Equity ဆီ ထုတ်ရောင်းလိုက်ပါတယ်။

       လီဗာပူးလ်က ကိုဗစ်ကာလအတွင်းမှာ ပေါင်သန်း ၁၀၀ အရှုံးပေါ်ခဲ့သလို လေ့ကျင့်ရေးကွင်းအသစ်နဲ့ အမျိုးသမီးအသင်းအတွက် မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်း ပြုပြင်ခဲ့တာကြောင့် ပေါင်သန်း ၆၀ ကျော် ကုန်ကျခဲ့ပါတယ်။ အခုလို ရှယ် ယာတွေထုတ်ရောင်းပေမယ့် FSG ဟာ လီဗာပူးလ်အသင်းရဲ့ အဓိကရှယ်ယာရှင်အဖြစ် ဆက် လက် ရှိနေမှာ ဖြစ်ပါတယ်။

       Dynasty Equity နဲ့ ရှေရည်လက်တွဲပြီး လီဗာပူးလ်ရဲ့ ဘဏ္ဍာရေးပိုပြီးခိုင်မာအောင် စီမံသွားမယ်လို့ FSG ဥက္ကဌ မိုက်ကယ် ဂေါ်ဒွန် က ပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ၂၀၁၀ ခုနှစ်မှာ လီဗာပူးလ်ကို ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ FSG လက်ထက်မှာ လီဗာပူးလ်က ပရီးမီးယားလိဂ်ဖလား ပြန်လည်ပိုင်ဆိုင်ခဲ့သလို ချန်ပီယံလိဂ်အပါအဝင် ခမ်းနားအောင်ပွဲတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။

#PAN