“ရုရှား – တောင်ဆူဒန် နှစ်နိုင်ငံခေါင်းဆောင်းများ ယနေ့ မော်စကိုမြို့တွင် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားဖွယ်ရှိနေ”

စက်တင်ဘာ ၂၈

ယနေ့ စက်တင်ဘာ ၂၈ ရက်နေ့တွင် ရုရှားနိုင်ငံ ၏ သမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံအတွင်း သို့ တရားဝင်လာရောက်သည့် တောင်ဆူဒန် သမ္မတ Salva Kiir နှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်သွားကြမည်ဖြစ်ပြီး
ရုရှား – တောင်ဆူဒန် နှစ်နိုင်ငံ ခေါင်းဆောင် များသည် ၎င်းတို့နိုင်ငံ နှစ်နိုင်ငံ၏ ဆက်ဆံရေး နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုး တက်ရေး ဆ်ိုင်ရာ အလားအလာများအပြင် ဆူဒန် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များကိုပါ ဆွေးနွေးမှုများပြုလုပ်သွားကြမှာလည်းဖြစ်ပါတယ်။

တောင်ဆူဒန်နိုင်ငံ၏ သမ္မတ Salva Kiir သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် မော်စကို (ရုရှား)မြို့ သို့ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ရက် ဗုဒ္ဓဟူးနေ့တွင် ချစ်ကြည်ရေး ခရီးစဥ်အဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပြီး သမ္မတ Kiir သည် အဆိုပါနေ့တွင် ရုရှားနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Andrey Rudenko Yurevich နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ကြပါတယ်။

ရုရှားနိုင်ငံ သမ္မတ နှင့် တောင်ဆူဒန် သမ္မတ တို့ ယနေ့ ကြာသပတေး နေ့တွင် တွေ့ဆုံမှုများပြုလုပ်သွားမည်ဖြစ်ပြီး ယခု ခရီးစဉ်သည် ရုရှား – တောင်ဆူဒန် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို နက်ရှိုင်းစေကာ နှစ်နိုင်ငံ ကုန်သွယ်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ကုန်သွယ်ရေး အခွင့်အလမ်းများနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍများကို စူးစမ်းလေ့လာရန် ရည်ရွယ်ကြောင်းလည်း တောင်ဆူဒန် သမ္မတ ရုံးမှ ထုန်ပြန်ကြေညာခဲ့ပါတယ်။

ထို့နောက် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တောင်ဆူဒန်နိုင်ငံအတွင်းရှိ လူတစ်ဦးချင်းအပေါ် ချမှတ်ထားသော လက်နက်ကုန်သွယ်ရေး ပိတ်ဆို့မှုများအား ရုပ်သိမ်းရေးနှင့် ပိတ်ဆို့အရေးယူမှုအသစ်များကိုလည်း ဆွေးနွေးသွား ကြမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သတင်းဌာန များက ဖော်ပြပြောဆ်ိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *