တရုတ်နိုင်ငံသို့ GACC နှင့် ပြောင်း တင်ပို့နိုင်ရန် လုပ်ဆောင်နေ

စက်တင်ဘာ ၁၉

       လာမည့် အောက်တိုဘာလအတွင်း တရုတ်နိုင်ငံသို့ ဘိန်းအစားထိုး ပြောင်းတင်ပို့မှုအပြင်  GACC နည်းလမ်းနှင့် ပြောင်း တင်ပို့နိုင်ရေးဆောင်ရွက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းထံမှ သိရပါသည်။

       လက်ရှိ ပြည်တွင်းတွင် ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံ GACC ရရှိခဲ့ပြီး တရားဝင်တင်ပို့ခွင့်ရရှိထားသည့် ကုမ္ပဏီ ၁၀၆ ခုရှိကြောင်း သိရပါသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ပြောင်းကို ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီလကနေ သြဂုတ်လအထိ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ပြုထားပြီး ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်နှင့် တင်ပို့နိုင်မည့် ကာလကုန်ဆုံးပြီးနောက် တရုတ်ဈေးကွက်ကို ရှာဖွေလာခြင်း ဖြစ်ပါသည်။

         ယခုဘဏ္ဍာနှစ် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းတန်ချိန် တစ်သန်းခွဲခန့်ကို  ပြည်ပသို့တင်ပို့ထားပြီး မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့ခဲ့ကာ ပင်လယ်ရေကြောင်းနဲ့ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံတို့ကိုပါ တင်ပို့မှု ရှိသည်ဟု သိရပါ သည်။

#PAN