ကသာမြို့နယ် ၊ ညောင်ပင်သာကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းက PDF အကြမ်းဖက်များထံမှ လက်နက်ခဲယမ်းများနှင့် NLD စာတမ်းပါနှဖူးစည်းများနှင့်နှာခေါင်းစည်းများ သိမ်းဆည်းဆီးရမိ

စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့နယ် ၊ ညောင်ပင်သာ ကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်လူသတ်အကြမ်းဖက် PDF အဖွဲ့များသည် ယနေ့ မွန်းလွဲပိုင်းအချိန်ခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် အကြမ်းဖက်အဖွဲ့များ အထိနာ၍ ဆုတ်ခွာထွက်ပြေးသွားပြီး ၎င်းတို့ထံမှ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက် ၊ အမ်-၂၂ ကျည်အိမ် ၆ ခု ၊ အမ်-၂၂ ကျည် ၂၅၀ တောင့် ၊ တရုတ်စက်လတ်ကျည် ၃၀၀ တောင့် ၊ စနိုက်ပါကျည် ၁၃ တောင့် ၊ ပို့ကျည် ၁၃ တောင့် ၊ Drop Bomb ဗုံးသီး ၅ လုံး ၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂၀ လုံး ၊ မိုင်းဆားကစ်အုံ ၂၁ ခု၊ အိုင်ကွန် ၅ လုံး ၊ အားသွင်းခုံ ၁၃ ခု ၊ Tianbao(chemical 1000 kg) ၁၁ ဘူး ၊ ပြောက်ကျားယူနီဖောင်း ၃ စုံ ၊အစိမ်းရောင်ယူနီဖောင်း ၁ စုံ၊ kia လျှာထိုးဦးထုပ် ၄ လုံး ကျောပိုးအိတ်အစိမ်း ၆ လုံး၊ စက်လတ်ကျည်ထည့်ပုံး ၃ ပုံး၊ အမ်-၂၂ ကျည်ထည့်ပုံး ၂ ပုံး၊ NLD စာတမ်းပါ ခေါင်းစည်း ၂ ခု၊ NLD စာတမ်းပါ နှာခေါင်းစည်း ၅ ခု၊ NLD ပါတီအလံ ၂ ခု၊ PDF ဘက်တံဆိပ် ၈ ခု၊ နွေဦးတော်လှန်ရေးတံဆိပ်ပါအင်္ကျီ ၁ ထည်၊ PDF လက်စွဲစာစောင် ၃ အုပ်၊ စကားဝှက်စာရွက် ၂ ရွက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးရာ​​​သို့ လုံခြုံရေးတပ်ဖွဲ့များမှ လိုက်လံရှင်းလင်းလျှက်ရှိကြောင်း သိရှိရသည်။

#PAN