“တောင်တရုတ်ပင်လင်ပြင်တွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို စိန်ခေါ်နိုင်ရန် ​သြစတြေးလျနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံများအဖြစ် သဘောတူလက်မှတ်ရေးထိုးခဲ့ကြ”

စက်တင်ဘာ ၉

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်ဆီ က ပြီးခဲ့သည့် စက်တင်ဘာ ၈ရက် သောကြာနေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့သို့ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ခရီးစဥ်အဖြစ် လာရောက်လည်ပတ်ခြင်းများပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ သမိုင်းဝင် ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အယ်လ်ဘေးနီးယား နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်တို့သည် ဖိလစ်ပိုင် – သြစတြေးလျ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် အဆင့်မြှင့်တင်ကာ ဖိလစ်ပိုင် ဒေသတွင်း၌ ပေကျင်း(တရုတ်) ၏ သြဇာလွှမ်းမိုးမှုကို စိန်ခေါ်နိုင်ရန်အတွက် တောင် တရုတ် ပင်လယ်ပြင်တွင် ပူးတွဲရေတပ်ကင်းလှည့်မှုများ စတင်နိုင်ရန် သဘောတူညီခဲ့ကြကြောင်း သတင်းဌာနများက ဖော်ပြပြောဆိုထား ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ နှင့် သြစတြေးလျနိုင်ငံ တို့သည် တရုတ်နိုင်ငံ၏ ကြီးထွားလာသော ဒေသတွင်း သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် ကြိုးပမ်းနေချိန်တွင် ၎င်းတို့နိုင်ငံများ၏ လုံခြုံရေးနှင့် စီးပွားရေး မဟာမိတ်ဖွဲ့မှုကို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် သို့ပြောင်းလဲခြင်းဆိုင်ရာ သဘောတူ ညီချက်များကို လက်မှတ်ရေး ထိုးခဲ့ကြတာ လည်းဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ Ferdinand Marcos နှင့် သြစတြေးလျဝန်ကြီးချုပ် Anthony Albanese တို့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါ သဘောတူညီ ချက်များကို အပြီးသတ်လက်မှတ်ရေးထိုး ခဲ့ကြပြီး အယ်လ်ဘာနီးစ်၏ ခရီးစဉ်သည် အနှစ် ၂၀ အတွင်း သြစတြေးလျဝန်ကြီးချုပ်၏ ပထမဆုံးအကြိမ် အပြန်အလှန် ဆွေးနွေးမှု များလည်း ဖြစ်ပြီး ဖိလစ်ပိုင် သမ္မတ မားကို့စ် သမ္မတ ရာထူးရရှိလာခဲ့ပြီး ၂၀၂၂ ခုနှစ် ကတည်းက သြစတြေးလျ၏ အစိုးရ ထိပ်တန်းအဖွဲ့ဝင်များ က ဖိလစ်ပိုင် ကျွန်းစုနိုင်ငံသို့ ခရီးစဉ်များ ဆက်တိုက်သွားလာ လုပ်ဆောင်လာခြင်းလည်းဖြစ်ကြောင်း သတင်းဌာနများကဖော်​ပြပြောဆို ထားကြပါတယ်။