ရွှေဘိုမြို့နယ်၊ ဆည်ကြီးကျေးရွာအနီးတဝိုက်တွင်အကြမ်းဖက်သမား PDF များ ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုကြောင့် နယ် မြေလုံခြုံရေးအဖွဲ့က သွားရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၈

        ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဆည်ကြီးကျေးရွာအနီးတဝိုက်တွင် အကြမ်းဖက်သမား PDF များ ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့မှုကြောင့် နယ် မြေလုံခြုံရေးအဖွဲ့သည် အဆိုပါနေရာကို သွား ရောက် နယ်မြေရှင်းရာ အကြမ်းဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

       ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်း ဖက်သမား PDF များသည် ကိုယ်လွတ်ရုန်းထွက်ပြေးကြပြီး အဆိုပါနေရမှ ကား ၃ စီး၊ ရီမုခလုတ် ၃ ခု၊ ၁၂ ဗို့ဘက္တရီ ၃ လုံး၊ ယမ်းမှုန့် ၄ ပိဿာခန့် ၁ ထုပ်၊ ပြောက်ကျားယူနီဖောင်း ၅ စုံ၊ပြောက်ကျားဦးထုပ် ၂ လုံး၊ အိုင်ကွန် ၁ လုံးတို့ကို သိမ်းဆည်းရရှိကြောင်း သတင်းရရှိပါသည်။

        ဒေသခံပြည်သူ များအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး လူသတ်အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြကြောင်း၊ လူသတ်အကြမ်းဖက်များ၏ လုပ်ရပ်များကို ထောက်ခံခြင်း မပြုကြတော့ဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများကို ယခုလို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN