စဉ့်ကူးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ရာအိမ်မှူးနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေကို အကြမ်းဖက် PDF များက ပစ်ခတ်


စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာအုပ်စု၊ လက်ပန်လှကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း၌ လဝကဉီးစီးဌာနမှ ပြည်သူများအား စမတ်ကဒ်ပြုလုပ်ပေးနေစဉ် ယနေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် အမည်မသိ အမျိုးသား ၃ ဦး ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဉီးတို့အား သေနတ်အရှည် (စိစစ်ဆဲ) ၂လက်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခဲ့သည့် အကြမ်းဖက် PDF အဖွဲ့များသည် မန္တလေး – မြစ်ကြီးနားကားလမ်းမကြီးအတိုင်း မန္တလေးဘက်သို့ မောင်းနှင်ထွက်ပြေးခဲ့ကြောင်းသိရသည်။

အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ ၇၀ နှစ်၊(ဘ) ဉီးအိမ်းတွင် ယာ-ပုခုံး ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဦးမြင့်မော် ရာအိမ်မှူးတွင် ၅၁ နှစ်၊(ဘ) ဦးတင်ငွေ၊ယာ-ခါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက် (စိုးရိမ်ရ) ဦးမြင့်ရွှေ၊ ၅၈ နှစ်၊ (ဘ)ဉီးညို၊အရန်မီးသတ်တပ်ဖွဲ့ဝင် တွင် ယာ-ခါးကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)ရရှိခဲ့ပြီး ဒဏ်ရာရှိသူများအား စဉ့်ကူးမြို့၊ပြည်သူ့ဆေးရုံသို့တင်ပို့ကုသထားကြောင်း သတင်းရရှိပါသည်။

#PAN