ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်းကို အကြမ်း ဖက်သမား PDF များက ရှော့တိုက်ဒုံး ၁ လုံးနှင့် လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ထွက်ပြေး

စက်တင်ဘာ ၇

        မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ရဲကင်းစခန်းကို ယနေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သမား PDF များက ရဲကင်းစခန်း၏ မြောက်ဖက် ၃ ဖာလုံခန့် အကွာရှိ တောင်ကုန်းပေါ်မှ လက်လုပ် ရှော့တိုက်ဒုံး ၁ လုံးနှင့် လက်နက် ငယ် ၆ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ရဲကင်းစခန်းမှလည်း MA -1 လက်နက်ငယ်ဖြင့် ၁၀ ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် သမား PDF များ ပြန်ထွက်ပြေးသွားကြောင်း သိရပါသည်။

      အဆိုပါ ပစ်ခတ်မှုကြောင့် ရင်းငြိမ်ရဲကင်းစခန်း မြောက်ဘက်ရှိ ထန်းလက်မိုး၊ ဝါးကြမ်း ခင်း၊ အကာမရှိသော တဲပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ တဲ၏အမိုးများအနည်းငယ်ပျက်ဆီးပြီး လူနှင့် ရဲကင်းစခန်းအဆောက်အဦး ထိ ခိုက်ပျက်ဆီးဆုံးရှုံးမှု မရှိကြောင်း သတင်းရပါသည်။

        ပေါင်မြို့နယ်အတွင်း အကြမ်းဖက် PDF များ သည် ရဲတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိရာ စက်တင်ဘာ ၃ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်    ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် ပေါင်မြို့နယ်၊မြို့မရဲစခန်းမှ နယ်ထိန်းတာဝန်ထမ်းဆောင်နေသူ ရဲတပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့သည်။

#PAN