စဉ့်ကူးမြို့နယ်အတွင်း မန္တလေး-မြစ်ကြီးနားသွား ကားလမ်းပေါ်တွင် အ​ပစ်မဲ့ ပြည်သူတစ်ဦးအား အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


စက်တင်ဘာ ၇

       စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ မန္တလေး - မြစ်ကြီးနားသွား ကားလမ်းမကြီးပေါ်၌ ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF များက အပစ်မဲ့ ပြည်သူတစ်ဦးအား သတ်ဖြတ်လိုက်ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ မန္တလေး - မြစ်ကြီးနားသွား ကားလမ်းမကြီးပေါ်၌ ယနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF များက အပစ်မဲ့ ပြည်သူတစ်ဦးအား သတ်ဖြတ်လိုက်ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ ပစ်ခတ်ခံရသူ ဦးဝင်းစိုး(ခ) ဂျစ်တူး၊ ၄၄နှစ်၊ (ဘ)ဉီးကြည်ရင်၊ရွှေအင်းလုပ်သား၊ ဝါးပိုးချပ်ကျေးရွာ၊ နတ်တောင်ကျေးရွာအုပ်စု နေသူသည် ၄င်း၏ဇနီးနှင့် သားဖြစ်တို့ ဆိုင်ကယ် ၁စီးဖြင့် လက်ပန်လှကျေးရွာဘက်မှ မောင်းနှင်လာစဉ် အမည်မသိအမျိုးသား ၂ဉီး၊ဆိုင်ကယ် ၁စီးဖြင့် အနောက်မှလိုက်ပါလာပြီး ဉီးဝင်းစိုး(ခ)ဂျစ်တူး၏ ဆိုင်ကယ်အားရပ်ခိုင်းကာ KIA ထုတ် သေနတ်အရှည်၊ခေါက်ဒင်အမျိုးအစား(စိစစ်ဆဲ)ဖြင့် ဉီးဝင်းစိုး(ခ)ဂျစ်တူးအား ပစ်ခတ်ခဲ့ရာ ဉီးဝင်းစိုး(ခ)ဂျစ်တူးတွင် ဝဲ-ပါးမှယာနောက်စေ့သို့ ကျည်ဖောက်ထွက် ဒဏ်ရာ ၁ချက်၊  ယာ-ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
          ယင်းနောက် အကြမ်းဖက် PDF များသည် မြကန်သာကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။ 

သေဆုံးသူ ဉီးဝင်းစိုး(ခ)ဂျစ်တူးမှာ မည်သည့်နိုင်ငံရေးပါတီမှ ပါဝင်ထားခြင်း မရှိသူဖြစ်သလို အေးချမ်းစွာနေထိုင်သော သာမန်ပြည်သူဖြစ်သော်လည်း  အကြမ်းဖက်သမားများက အကြောင်းပြချက်မရှိ ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခြင်း ဖြစ်ကြောင်း  ဒေသခံများက ပြောဆိုနေကြသည်ဟု သတင်းရရှိပါသည်။

#PAN