“အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ယနေ့ စက်တင်ဘာ ၆ရက်နေ့တွင် ယူကရိန်းနိုင်ငံသို့ သွားရောက်မှုများပြုလုပ်ဖွယ်ရှိနေ”

စက်တင်ဘာ ၆

အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken သည် ယနေ့ စက်တင်ဘာ ၆ ရက်တွင် Kiev(ယူကရိန်း) သို့ သွားရောက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken သည် စက်တင်ဘာ ၆ ရက်တွင် ကိယက်ဗ်သို့ သွားရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ ယူကရိန်းနိုင်ငံ ထုတ် “Mirror of the Week” သတင်းက ပြီးခဲ့သည့် စက်တင်ဘာ ၆ရက် အင်္ဂါနေ့တွင် ဖော်ပြထားပြီးလည်း ဖြစ်ပါတယ်။

“အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ မနက်ဖြန်မှာ Kiev(ယူကရိန်း) ကို လာရောက်မှာဖြစ်ပါတယ်” လို့ ယူကရိန်း ရုပ်သံလိုင်းမှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပြီး နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အသေးစိတ်ကိုတော့ ဖော်ပြထား ခြင်းမရှိခဲ့ပါဘူးလို့ သတင်းဌာန များက ဖော်ပြပြောဆို ထားကြပါတယ်။