နွားထိုးကြီးမြို့နယ်က ရပ်ကျေးထွေအုပ်စာရေးတစ်ဦးကို အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၆ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ပြရာချောင်းကျေးရွာအုပ်စု၊မင်းတဲကျေးရွာသွား လမ်းဘေးရှိ ဇရပ်အနီးတွင် အမျိုးသားတစ်ဉီး အသတ်ခံရကြောင်းသတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဉီးသန်းကြိုင်၊၄၈နှစ်၊(ဘ)ဉီးသောင်းကြည်၊ထွေ/အုပ်၊အငယ်တန်းစာရေး၊ပျားကျေးရွာ၊မြင်းခြံမြို့နယ်နေသူအား သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ ဉီးသန်းကြိုင်မှာ ဝဲဘက်မျက်လုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဉီးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာ ၁ချက်တို့ဖြင့် လဲကျသေဆုံးနေကြောင်းလည်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ သေဆုံးသူသည် စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ၄င်း၏နေအိမ်၌ ဇနီးဖြစ်သူနှင့်အတူရှိနေစဉ် အမည်မသိ အမျိုးသား ၃ဉီး၊သေနတ် အရှည်များကိုင်ဆောင်ကာ ဆိုင်ကယ် ၂စီးဖြင့်ရောက်ရှိလာပြီး သေဆုံးသူအမည်အားမေးကာ စစ်မေးရန်ရှိသည်ဟုပြော၍ ၄င်းတို့တွင် အသင့်ပါလာသောကြိုးဖြင့် လက်ပြန်ကြိုးတုပ်ကာ ဆိုင်ကယ်ဖြင့်ခေါ်ဆောင်သွားခဲ့ပြီး အခင်းဖြစ်နေရာတွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားများမှာ ဆည်ဘောင်အတိုင်း မြင်းခြံဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဇနီးသည်၏ပြောကြားချက်အရသိရှိရသည်။ဆက်လက်၍ နယ်မြေခံလုံခြုံရေး ပူးပေါင်းအဖွဲ့များက လိုက်လံစုံစမ်းနယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN