“နိုင်ဂျာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးက နိုင်ဂျာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများကို ပြေလည်အောင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့”

စက်တင်ဘာ ၆

တရုတ်နိုင်ငံက အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် နိုင်ဂျာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများ ကို ပြေလည်အောင် ဖြေရှင်းလိုကြောင်း နိုင်ဂျာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

“နိုင်ဂျာပြဿနာကို ဒေသတွင်း လေးစားမှု အပြည့်နဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်စေဖို့ တရုတ်အစိုးရက ဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းမှု ကောင်းများစွာ ပေးဆောင်နိုင်ရန် နှင့် ဖျန်ဖြေပေးရေး အခန်းကဏ္ဍကို လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ နိုင်ဂျာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Jiang Feng က နိုင်ဂျာစစ်တပ်နှင့် တွေ့ဆုံမှုများ ပြုလုပ်နေစဥ်ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်က Jiang သည် Nigerien(နိုင်ဂျာ) နိုင်ငံ ကာကွယ်ရေးဝန်ကြီး General Salifou Mody နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး တရုတ် သံအမတ်ကြီးက Salifou Mody၏ အဓိက ရာထူးနေရာအတွက် နိုင်ဂျာ ကာကွယ်ရေး ဦးစီးချုပ်အား ချီးကျုး ဂုဏ်ပြုမှုများ ပြုလုပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လတွင် နိုင်ငံအတွင်း အာဏာသိမ်းမှုများဖြစ်ပွားခဲ့ပြီးနောက် နိုင်ဂျာနိုင်ငံ၏ အကျပ်အတည်းများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် တရုတ်အစိုးရက ၎င်းတို့၏ ရည်ရွယ်ချက်များကို ကြေညာခဲ့ပြီး “တရုတ်အစိုးရဟာ နိုင်ဂျာ ဒေသတွင်း လေးစားမှုအပြည့်ဖြင့် ဖျန်ဖြေသူအခန်းကဏ္ဍကို ထမ်းဆောင်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ဘေဂျင်း(တရုတ်) ဆိုင်ရာ Niamey (နိုင်ဂျာ) သံအမတ်ကြီး Jiang Feng က ပြီးခဲ့သည့် စက်တင်ဘာ ၄ရက် တနင်္လာနေ့တွင် နိုင်ဂျာ စစ်တပ်ခန့်အပ်ထားသော ၀န်ကြီးချုပ် Ali Lamine Zeine နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ဂျာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ ကြားတွင် တရုတ်နိုင်ငံသည် နိုင်ဂျား နှင့်အတူ ရပ်တည်သွားမည်ဖြစ် သော်လည်း အခြားနိုင်ငံများကဲ့သို့ နိုင်ဂျာနိုင်၏ ပြည်တွင်းရေး ကို ဝင်ရောက်မစွက်ဖက်ရေးမူကို ကတိပြုထား ကြောင်း Feng က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

နိုင်ဂျာနိုင်ငံ၏ စစ်တပ်အစိုးရသည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့က အာဏာသိမ်းပြီးနောက် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖိအားများကို ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။