ကင်မရွန်းအသင်း၌ ပြန်ပါမှုကို အိုနာနာ အတည်ပြု

စက်တင်ဘာ ၆
မန်ယူအသင်းဂိုးသမား အိုနာနာက ကင်မရွန်းလက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်တော့မှာ ဖြစ်တယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် အိုနာနာဟာ ၂၀၂၂ ကမ္ဘာ့ဖလားပွဲမှာ လက်ရွေးစင် အသင်းနည်းပြ ရီဂိုဘတ်ဆောင်းနဲ့ အဆင်မပြေဖြစ်ပြီးနောက် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်က အသင်းလူစာရင်းမှာ ပါဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဒါကြောင့် အိုနာနာကလည်း လက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူကြောင်း ကြေညာခဲ့ပြီး ၉ လ အကြာမှာတော့ အခုလို အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့တာလည်းဖြစ်ပါတယ်။
အာဖရိက ဖလားကို လာမယ့် ဇန်နဝါရီမှာ ကျင်းပသွားမှာဖြစ်လို့ ကင်မရွန်းအသင်းက ဗိုလ်လုပွဲအထိ ရောက်ခဲ့မယ်ဆိုရင် ဂိုးသမား အိုနာနာအနေနဲ့ မန်ယူအသင်းရဲ့ ပွဲစဉ် ၇ ပွဲခန့်လောက်အထိ လွဲချော်သွားမှာလည်းဖြစ်ပါတယ်။
မန်ယူအသင်းဟာ လာမယ့် ဇန်နဝါရီလမှာ စပါး၊ ဝုဗ်၊ ဝက်စ်ဟမ်း၊ အက်စတန်ဗီလာအသင်းတွေနဲ့ ကစားရမှာဖြစ်ပြီး လိဂ်ရှုံးထွက်ဖလားပွဲစဉ်တွေလည်းရှိနေပါတယ်။