“ယူကေ နိုင်ငံအတွင်း လူနေအိမ်ငှားရမ်းခများ နှစ်ဆကျော်ထိ တိုးလားခဲ့ပြီး ၎င်းတို့နိုင်ငံသား များ၏ မရှိမဖြစ်လိုအပ်သော ကုန်ကျစရိတ်များ မြင့်တတ်လာခြင်းကြောင့် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများအား ပိုမို ထိခိုက်လာဖွယ်ရှိနေ”

စက်တင်ဘာ ၄

ယူကေနိုင်ငံ အတွင်းရှိ နိုင်ငံတစ်ဝှမ်း လေ့လာမှုများအရ ပြီးခဲ့သော လေးနှစ်အတွင်း ၎င်းတို့နိုင်ငံ၏ အဆင်းရဲဆုံး မြို့ပြဒေသများ အတွင်းတွင် လူနေအိမ်ငှားရမ်းခများသည် နှစ်ဆကျော်ထိ တိုးလာခဲ့ပြီး လူများကို ပိုမိုဆင်းရဲတွင်းနက်စေခဲ့ပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက် တနင်္ဂနွေနေ့က The Guardian သတင်းဌာနမှထုတ်ဝေသည့် အဆိုပါအစီရင်ခံစာတွင် ယူကေနိုင်ငံ အိမ်ခြံမြေ အကျိုးဆောင် များ၏ခွဲ နိုင်ငံတစ်ဝှမ်းရှိ အချက်အလက်များကို ကိုးကား ဖော်ပြထားတာလည်းဖြစ်ပါတယိ။

ယူကေ နိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်အတွင်း က နိုင်ငံ၏ အဆင်းရဲဆုံးဒေသများတွင် နေထိုင်သော ဗြိတိန်နိုင်ငံသားများသည် ၎င်းတို့၏ အိမ်ငှားရမ်းခများမှာ ၅၂ ရာခိုင်နှုန်း ထိ တိုးလာသည်ကို တွေ့ရပြီး လေ့လာမှုများအရ နိုင်ငံ၏ အဆင်းရဲဆုံးဒေသများတွင် လူအိမ်ငှား များသည် ၂၀၁၉ ခုနှစ်တွင် ပြက္ခဒိန်တစ်လလျှင် ပျမ်းမျှ £499 ($628) ပေးဆောင်ကြပြီး ၂၀၂၃ခုနှစ် တွင် £759 ($955) အထိ ပေးဆောင်နေကြရပါတယ်။ ဆန့်ကျင်ဘက်အားဖြင့်၊ ဗြိတိန်၏

ထို့နောက် ယူကေနိုင်ငံ၏ လူနေထိုင်မှုမြင့်မား ချမ်းသာသော ခရိုင်များတွင် အိမ်ခန်းငှားသူများသည် ၂၀၁၉ ခုနှစ်တွင် ပျမ်းမျှ တစ်လငှားရမ်းခ £1,078 ($1,357) ပေးဆောင်ရပြီး ယခုနှစ်တွင် £1,387 ($1,746) အထိ မြင့်တက်လာကြောင်း လည်းဖော်ပြ ထားပါတယ်။

ယူကေနိုင်ငံ၏ လူ စားသောက်ကုန်များ ဖြစ်သည့် ဒိန်ခဲ၊ ထောပတ်နှင့် ပေါင်မုန့်ကဲ့သို့သော အခြေခံစားသောက်ကုန်အချို့၏ ကုန်ကျစရိတ်သည် လွန်ခဲ့သည့် ၂ နှစ်အတွင်း တွင် ၃၀ ရာခိုင်နှုန်းကျော် ထိ မြင့်တက်လာခဲ့ပြီး နိုင်ငံသားများ၏ မရှိမဖြစ်လိုအပ်သော ကုန်ကျစရိတ်များ မြင့်တက်လာခြင်းသည် ဝင်ငွေနည်းသော အိမ်ထောင်စုများကို ပိုမို ထိခိုက်လာစေကြောင်း သတင်းဌာနများက ဖော်ပြထားကြပါတယ်။