ငါန်းဇွန်မြို့နယ်၊နဘဲပင်ကျေးရွာအတွင်း အကြမ်းဖက်သမားများ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျေးရွာနေပြည်သူ ၅ ဦးသေဆုံးပြီး ၂ဉီး စိုးရိမ်ရ ဒဏ်ရာရ

စက်တင်ဘာ ၃

ငါန်းဇွန်မြို့နယ်၊ နဘဲပင်ကျေးရွာကိုအကြမ်းဖက်PDFများမှ ယနေ့ နံနက် ၄ နာရီ အချိန်ခန့်တွင် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် အပြစ်မဲ့အမျိုးသား ၄ဦးနှင့် အမျိုးသမီး ၁ဦးသေဆုံးပြီး အမျိုးသမီးငယ် ၂ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အကြမ်းဖက် PDF ၁၅ဦးခန့်သည် ဆိုင်ကယ် ၁၀စီးဖြင့် တံတားဦးမြို့နယ်၊ဂုံပင်အိုင်ကျေးရွာဘက်မှငါန်းဇွန်မြို့နယ်၊နဘဲပင်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ဝင်ရောက်၍ နဘဲပင်ကျေးရွာတွင် နေထိုင်လျက်ရှိသော ရွာသူ/ရွာသားများ၏နေအိမ်များသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဂုံပင်အိုင်ကျေးရွာဘက်သို့ ပြန်လည် ထွက်ခွာသွားကြောင်းသိရသည်။

၄င်းအကြမ်းဖက်သမားများ ပစ်ခတ်ခဲ့မှုကြောင့် NLD ပါတီဝင် ဦးအောင်ခိုင်၊ ၄၅ နှစ်၊ (ဘ) ဦးခင်မောင်၊ တောင်သူတွင် ယာနဖူး ဖောက်ဝင် ဒဏ်ရာ ၁ချက်၊ ယာရင်အုံ ဖောက်ဝင် ယာကျော ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဝဲတင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ချက်(သေဆုံး) NLD ပါတီဝင် ဦးဝင်းချို၊ ၄၅ နှစ်၊ (ဘ) ဦးဘိုရီ၊ တောင်သူတွင် ဝဲကျော ဖောက်ဝင် ဝဲရင်အုံ ဖောက်ထွက်ဒဏ်ရာ ၂ချက်၊ ယာကျောဖောက်ဝင် ရှေ့ဝမ်းဗိုက် ဖောက် ထွက်ဒဏ်ရာ ၁ချက်၊ ဝဲကျော ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာလက်မောင်း ဂျိုင်းအောက် ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဝဲတင်ပါး ဖောက်ဝင် ဝဲပေါင်ရင်းရှေ့ ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဝဲတင်ပါး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ မျိုးဇော်ဦး၊ ၄၈ နှစ်၊ (ဘ) ဦးမြအောင်၊ တောင်သူတွင် ယာပါးဖောက်ဝင် ဝဲပါး ဖောက်ထွက်ဒဏ်ရာ(၁ချက်၊ ရင်ညွှန့်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဝဲကျော ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ ၁ချက်၊ ယာလည်ပင်း ထိုးသွင်းဒဏ်ရာ ၁ချက်၊ ဦးညွန့်ပြည့်၊ ၃၃ နှစ်၊ (ဘ) ဦးမောင်ထွေး၊ တောင်သူတွင် ယာပါး ဖောက်ဝင် ဝဲလည်ပင်း ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဝဲလည်ပင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာဂျိုင်းအောင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ရင်ဘတ်အလည် ဖောက်ဝင်ဒဏ်ရာ ၁ချက်နှင့် ဒေါ်နုနုဝင်း၊ ၅၂ နှစ်၊ (ဘ) ဦးလုံး၊ တောင်သူတွင် ယာပေါင် ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဝဲခြေသလုံးဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဝဲခြေ သလုံး စုတ်ပြဲဒဏ်ရာ ၃ချက် ဒဏ်ရာများ ရရှိခဲ့ကြပြီး ၄င်းတို့မှာ အခင်းဖြစ်ပွားရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

အလားတူ အကြမ်းဖက် PDF များ၏ ပစ်ခတ်မှု့ကြောင့် မသဲစုမွန်၊ ၁၃ နှစ်၊ (ဘ) ဦးဝင်းချို၊ မှီခိုတွင် ဝဲလက်ဖျံ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ချက်၊ ဝဲပေါင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဝဲလက်မောင်း ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ချက်(စိုးရိမ်ရ)၊ မသဲစုခိုင်၊ ၉ နှစ်၊ (ဘ) ဦးဝင်းချို၊ မှီခိုတွင် ဝဲခါးဖောက်ဝင်ဒဏ်ရာ ၂ချက်၊ လည်ဂုတ်ဖောက်ဝင်ဒဏ်ရာ ၁ချက် (စိုးရိမ်ရ)ဒဏ်ရာတို့ ရရှိခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးမှ အမ်-၂၂ ကျည်ခွံ (၂၅)ခွံသိမ်းဆည်းရခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ(၂)ဦးအား ငါန်းဇွန်မြို့နယ် ဆေးရုံမှတဆင့်မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

သေဆုံးသူ ဦးအောင်ခိုင်နှင့် ဦးဝင်းချို၊ ဒေါ်နုနုဝင်းတို့သည် ယခင်က NLD ပါတီဝင်များဖြစ်ပြီး အကြမ်းဖက်သမားများအား ယခင်ကထောက်ခံအားပေးရာမှ ယခုအခါ ထောက်ခံ အားပေးမှုမရှိတော့ခြင်းကြောင့် ယခုကဲ့သို့ သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုနေကြကြောင်း သတင်းရရှိပါသည်။