“ဖင်လန် နှင့် ရုရှား နိုင်ငံတို့အကြား ပြည်ဝင်ခွင့် ဗီဇာများကို ယနေ့ စတင်ဖွင့်လှစ် မှုများ ပြုလုပ် ခဲ့”

စက်တင်ဘာ ၁

ယနေ့ စက်တင်ဘာ ၁ ရက်မှစတင်၍ ဖင်လန်နိုင်ငံသို့ရုရှားနိုင်ငံသားများ ဗီဇာ လျှောက်ထားမှုများကို VFS Global စင်တာများမှတစ်ဆင့် ထပ်မံ လက်ခံ သွားမည်ဖြစ်ကြောင်း ဖင်လန်နိုင်ငံ ခြားရေးဌာန က ၎င်း၏တရားဝင် ဝဘ်ဆိုဒ်တွင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စိန့်ပီတာစဘတ်(ရုရှား) ရှိ VFS Global Visa Application Center ကလည်း ဖင်လန်နိုင်ငံအတွင်း သို့ ၎င်းတို့နိုင်ငံသားများ အနေဖြင့် ဗီဇာလျှောက်လွှာများကို ပြန်လည်လက်ခံနေပြီဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပြီး ရုရှားနိုင်ငံသားများသည် ဖင်လန်နိုင်ငံအတွင်းသို့ ဆေးကုသမှုများ၊ ပညာရေးများ၊ ဆွေမျိုးများထံ အလည်အပတ် သို့မဟုတ် စီးပွားရေးခရီးစဉ်များအတွက်သာ ဖင်လန်ပြည်ဝင်ခွင့် ဗီဇာများကို ရရှိနိုင် မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ထားပါတယ်။