မော်လိုက်မြို့နယ်တွင် PDF များက တောင်သူများကိုရိုက်နှက်ကာ တဲအိမ်များကို မီးရှို့ဖျက်ဆီးပြီး အသုံးဆောင်ပစ္စည်းများလုယူဆောင်သွား

ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ၊ မော်လိုက်မြို့နယ် ထော်သာရွာအနီးလယ်တောတဲတွင် လယ်ယာလုပ်ငန်းလုပ်ကိုင် စားသောက်နေကြသော မိသားစုနှစ်စု၏ တဲ့အိမ်များရှိရာကို ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်အဖွဲ့များ ရောက်ရှိလာကာ တောင်သူများကိုရိုက်နက်ပြီး ၎င်းတို့၏တဲအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်းသိရပါသည်။

အကြမ်းဖက် PDF အဖွဲ့ အင်အား ၂၀ ဦးခန့်သည် ထော်သာရွာတွင် လယ်လုပ်ရန်တဲများဆောက်လုပ်နေထိုင်သည့် ၎င်းကျေးရွာသားမိသားစုများဖြစ်ကြသော ဦးသန်းလှ၊ ဇနီးဒေါ်သိုက်ကြည်တို့မိသားစုနှင့် ဒေါ်သန်းရီ၊ သားဖြစ်သူကိုငြိမ်းဇော်တို့မိသားစုများရှိရာတဲများဆီသို့ရောက်ရှိလာပြီး တဲများကို မီးရှို့ဖျက်ဆီးကာ တဲအတွင်းနေထိုင်သည့် မိသားစုဝင်များကိုရိုက်နှက်၍ ဆန်နှင့်စားသောက်ကုန်များ ၊ဆိုင်ကယ် တို့ကို ယူဆောင်သွားကြောင်းသိရသည်။

အဆိုပါထော်သာရွာကို အကြမ်းဖက် PDF များ ပိတ်ဆို့ထားသည်မှာ ၁၄ လကျော်ခန့်ရှိလာပြီဖြစ်၍ စားသောက်စရာရိက္ခာများနည်းပါးလာ​ကာ ဆန်အနည်းငယ်မှလွဲ၍ ကျန်စားသောက်စရာများမရှိတော့ကြောင်းသိရှိရပြီး အကူအညီများလိုအပ်နေကြကြောင်းသိရသည်။

#PAN