ကျောက်ကြီးမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးကို PDF ကနှိပ်စက်သတ်ဖြတ်ပြီး အပြသ်မဲ့ပြည်သူ ၁၄ ဉီးကို ဖမ်းဆီးကာ လူနေအိမ်များကို အတွဒရုန်းဗုံးပစ်ချဖောက်ခွဲ

ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ကျောက်ကြီး-နတ်သံကွင်း သွားကားလမ်းမကြီး ကျောက်ကြီးမြို့နှင့်အနောက်ဘက် ၃ မိုင်ခန့်အကွာ ထန်းလေးပင်ကွေ့တွင် ဩဂုတ်လ ၃၀ ရက်နေ့ နေ့လည်ပိုင်းက KNU ,PDF ကြမ်းဖက်သမားများမှ ဆိုင်ကယ် ကယ်ရီမောင်းသူ (၉)ဉီးနှင့် ဆိုင်ကယ် (၉)စီးအားလည်းကောင်း ကားလမ်းမကြီးအနီးရှိ လယ်ထဲတွင်အလုပ်လုပ်ကိုင်နေကြသောဒေသခံပြည်သူ လယ်ယာလုပ်ကိုင်သူ အမျိုးသား /အမျိုးသမီး စုစုပေါင်း (၁၄)ဉီးခန့်အားလည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဩဂုတ်လ ၃၁ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု လပတ်ကျေးရွာအတွင်းသို့ အကြမ်းဖက် KNU+PDF များမှ ဒရုန်းဗုံးဖြင့်ပစ်ချခဲ့ရာ ကျေးရွာအတွင်းနေသူ ဒေါ်ကြည်ဌေး၏ နေအိမ်ပေါ်သို့ကျရောက်ပြီးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့်အိမ်၏အမိုးနှင့်ကြမ်းပြင်များပျက်စီးခဲ့ပြီး နေအိမ်ပေါ်တွင်အိမ်ရှင်များမရှိသည့်အတွက် ထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

ထို့အတူ သြဂုတ်လ ၂၈ ရက်နေ့ ညပိုင်းအချိန်ကလဲ ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်ခရိုင် ၊ကျောက်ကြီးမြို့နယ်၊မုန်းဒေသ၊မဲပုတ်ရွာဟောင်း ဘုန်းတော်ကြီးကျောင်းတွင်သီတင်းသုံး သာသနာပြုနေသောဆရာတော် ဦးခါနူး သက်တော် (၅၆ )နှစ် သိက္ခာတော်တာ (၁၈) ဝါရှိသူအား NUG လက်အောက်ခံ KNU ,PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များက ကျောင်းတိုက်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မဲပုတ်ကျေးရွာအနီးရှိ တောထဲတွင် လည်ပင်းအားကြိုးကွင်းစွပ်ကာ ပြင်းထန်စွာနှိပ်စက်ပြီး ရက်စက်စွာရိုက်နှက်၍ ဦးခေါင်းများကြွေမွ ခန္ဓာကိုယ်တဟ်ခုလုံး ညိုမဲစွဲ ပေါက်ပြဲ ကျိုးပဲ့ ဒဏ်ရာများဖြင့် တောထဲတွင်ပျံလွန်တော်မူနေသည်ကိုဒေသခံများမှ တွေ့ခဲ့ရသည်။

ဖမ်းဆီးနှိပ်စက်ခံရသော ဆရာတော်သည်ဒေသခံ ကရင်လူမျိုး ဗုဒ္ဓဘာသာဝင် ဒေသခံရွာသား တစ်ဉီးဖြစ်ပြီး ကျောက်ကြီးမြို့နယ်အတွင်း၌ ဗုဒ္ဓဘာသာဝင် သံဃာတော်များ၊ ကိုရင်များမကြာခနအကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခံနေရပြီး ဘုန်းတော်ကြီးကျောင်းများအားလဲ မကြာခဏဒရုန်းဗုံးဖြင့်ဗုံးကြဲတိုက်ခိုက်ခံနေရခြင်းကြောင့် ဒေသခံပြည်သူများမှ အကြမ်းဖက် KNU PDF များကို ရွံရှာမုန်းတီးနေကြကြောင်း သတင်းရရှိပါသည်။

#PAN