စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်တွင် NLD ပါတီကို အားပေးထောက်ခံသူ အမျိုး သားတစ်ဦး ကွမ်းယာဝယ်နေစဥ် လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၃၁

      သြဂုတ်လ ၂၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ “မိုးကြီးကွမ်းယာဆိုင်” ရှေ့တွင်  ကွမ်းယာဝယ်နေသည့် အမျိုးသားတစ်ဦးကို လူသတ်အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

       ဖြစ်စဥ်မှာ အကြမ်းဖက်သမား PDF နှစ်ဦးက “မိုးကြီးကွမ်းယာဆိုင်” ရှေ့သို့ ရောက်ရှိလာပြီး ထိုကွမ်းယာဆိုင်ရှေ့တွင် ကွမ်းယာဝယ်နေသည့် ဦးအောင်သွေးဦး၊ ၅၃ နှစ်၊ မိုးဇာရပ်ကွက်၊ စစ်ကိုင်းမြို့နေသူကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက် ပြေးသွားခြင်းဖြစ်ကြောင်း၊ ၎င်းတွင် သေနတ်ဒဏ်ရာ ၃ ချက် ထိမှန်ပြီး နေရာတွင်သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။ 

        အဆိုပါ သေဆုံးသူ ဦးအောင်သွေးဦး သည်
NLD ပါတီအားပေးထောက်ခံအားပေးသူ တစ်ဦးဖြစ်ကြောင်း၊ လူမူထူးချွန်ဆုရရှိထားသူ တစ်ဦးဖြစ်ပြီး လူမူရေး၊ ငွေကြေးအရူပ်အရှင်းများကြောင့် ယခုလို အသတ်ခံရခြင်းဖြစ်သည်ဟု သိရှိရသည်။

#PAN