“ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက် တော့မည့် ပရာယွတ်ချိန်အိုချာ က ယနေ့ ဘုရားကျောင်း ကန်များကို ဂါရဝပြု ခဲ့ပြီးနောက် သင့်တော်သည့်အချိန်တွင်း အစိုးရအိမ်တော်မှ ထွက်ခွာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့”

သြဂုတ် ၃၁

ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်သည့် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က ၎င်းသည် အစိုးရအိမ်တော်တွင် ၎င်း၏နောက်ဆုံးအလုပ်ဖြစ်သည့် အလုပ်များကို ပြုလုပ်ခဲ့​ကြောင်း ယနေ့ ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ် စတင်တာဝန်ယူချိန်အထိ စောင့်ဆိုင်းပြီး အိမ်စောင့်အဖြစ် ဆက်လက်ထမ်း ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ယနေ့ ကြာသပတေးနေ့ မနက်အစောပိုင်းက ထိုင်း အိမ်စောင့်အစိုးရ ပရာယွတ်ချိန်အို က ဘုရား ကျောင်းကန်တွေကို ဂါရဝပြု ပြီးနောက် ၎င်းက အစိုးရအိမ်တော်ကနေ သင့်တော်သည့် အချိန်တွင် သင့်တော်သလို ထွက်ခွာသွား မည်ဖြစ်ကြောင်း ထိုင်း သတင်းထောက်များက ဖော်ပြ ပြောဆိုထား ကြပါတယ်။

ထို့နောက် ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြည်သူ အားလုံးနဲ့ နိုင်ငံတော်ရဲ့ ငြိမ်းချမ်း သာယာဝ ပြောမှုများရှိစေရေး ကောင်းချီး ဆုတောင်း ပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။

“ဒီနေ့ဟာ နိုင်ငံတော် အတွက် ကောင်းသော နေ့ဖြစ်ပါစေလို့ ဆုတောင်းပါတယ်” လို့ ဗိုလ်ချုပ်ကြီး ပရာယွတ်က အစိုးရအိမ်တော်၌ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်း အာဏာသိမ်းခဲ့ပြီးနောက် သက်ဆင်၏ ညီမ ယင်းလပ်ရှင်နာဝပ် အစိုးရကို ထောက်ခံသူနှင့် ဆန့်ကျင်ရေး ဆန္ဒပြသူများကြားတွင် အကြမ်းဖက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါတယ်။

ထိုနှစ် သြဂုတ်လတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရခဲ့ရပြီး ၂၀၁၉ ခုနှစ် မတ်လ ၂၄ ရက်နေ့ အထွေထွေရွေး ကောက်ပွဲ အပြီးတွင် လည်း ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ထိုင်း ပါလီမန် က ၀န်ကြီးချုပ် အဖြစ် ရွေးချယ်ခံ ခဲ့ရပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆ်ိုထားပါတယ်။