ကျိုင်းတုံမြို့တွင် အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေ၀င်ရောက်လာခဲ့ပြီး မိသားစု၀င် ၃ ဦးနေထိုင်သော အုတ်စိမ်း(မြေကြီး)ဖြင့် တည်ဆောက်ထားသည့်နေအိမ်တစ်လုံး ပြိုကျပျက်စီး

သြဂုတ် ၃၁

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် သြဂုတ်လ ၂၉ ရက်နေ့ ညတွင် အချိန်ကြာမြင့်စွာ အဆက်မပြတ်မိုးရွာသွန်းခဲ့ပြီး လမ်းဘေးရေ မြောင်းများအမှိုက်များပိတ်ဆို့နေခြင်းတို့ကြောင့် ရေဆိုးများမစီးနိုင်တော့ဘဲ ထိုရေများသည်ရပ်ကွက်(၄)၊ ကျိုင်းလိတ်ရပ်၊ အနိမ့်ပိုင်းနေရာများနှင့် ရပ်ကွက်တွင်းလမ်းများပေါ်သို့လည်း ကောင်း၊ ရပ်ကွက်အတွင်းလူနေအိမ်၊ခြံ၀န်းအတွင်းသို့လည်းကောင်း ၀င်ရောက်ခဲ့ရာ လူနေအိမ်များရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

        ကျိုင်းလိတ် ရပ်ကွက်အတွင်း အနိမ့်ပိုင်းနေရာများရှိ လူနေအိမ်များတွင် ရေ၀ပ်သည့်ဒဏ်ကိုနာရီပေါင်းကြာမြင့်စွာ ခံနေပြီး လူအားဖြင့်ရေမ၀င်အောင်မတားထားနိုင်သည့် အ​ခြေအနေတွင်ကြုံတွေ့နေခဲ့သည့်အပြင် မိုးသည်လည်းအဆက် မပြတ်ပင်ဆက်လက်ရွာနေခြင်းကြောင့် ဒေါ်နန်းဖူး၊ ၆၈ နှစ် နှင့်မိသားစု၀င် ၃ ဦး( သား တစ်ဦး၊ မြေး တစ်ဦး) နေထိုင်ရာ အုတ်စိမ်း(မြေကြီး)ဖြင့် တည်ဆောက်ထားသည့်နေအိမ်မှာ   ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် နေအိမ်တစ်ခုလုံးပြိုကျပျက်စီးသွားကြောင်း၊ လူထိခိုက်မှု တစ်စုံတစ် ရာ မရှိကြောင်း သိရသည်။

     ယခုအခါ ထိုနေအိမ်ကို ကူညီမှုအသင်းအဖွဲ့များက၀ိုင်း၀န်းကာရှင်းလင်းနေပြီဖြစ်ကြောင်း၊ ယနေ့ နံနက် ၁ နာရီ အချိန်တွင် ရှမ်းပြည်နယ်အရှေပိုင်း၊ ပြညခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးစိုင်းကျော်လှနှင့် ကော်မတီဝင်များက အဆိုပါ မိသား စု၀င်များအတွက်ထောက်ပံ့ငွ ၁၀၀,၀၀၀ ကျပ်ထောက်ပံ့ကူညီပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

#PAN