“ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန် စစ်တပ်တပ်များကို ထွက်ခွားသွားရန် အီရန်နိုင်ငံက ပြောကြားခဲ့”

သြဂုတ် ၃၁

ဆီးရီးယားနိုင်ငံအတွင်းရှိ အမေရိကန်စစ် တပ်များ “အိမ်ပြန်ကြရန် အချိန် ရောက်ပါပြီထွက်ခွာသွားကြရန်” အီရန်နိုင်ငံက အကြံပြု ပြောကြားခဲ့ တာဖြစ်ပါတယ်။

တီဟီရန်(အီရန်) နှင့် ဒမတ်စကတ် (ဆီးရီးယား) နှစ်နိုင်ငံ အစိုးရနှစ်ရပ်စလုံးက အာရပ်နိုင်ငံ ဒေသများ တွင်း အကြမ်းဖက်သမားများကို ၎င်းတို့၏ ရည်မှန်းချက်များ အတွက် အကြမ်းဖက် အောင်မြင်မှု များဖြစ်သည့် ပြန်လည်စုစည်းမှုများပြုလုပ်နိုင်ရန် အတွက် ဝါရှင်တန်(အမေရိကန်) နှင့် ၎င်း၏ မဟာမိတ် များက ကြိုးပမ်းနေ မှုများနှင့်ပတ်သက်ပြီး အီရန်နိုင်ငံက အမေရိကန် နိုင်ငံ၏ စစ်အင်အားများကို ဆီးရီးယားနိုင်ငံအတွင်း မှ ဖယ်ရှားကြရန် အမေရိကန်နိုင်ငံ ကို အကြံပြုပြော ကြားခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေကို အိမ်ပြန်ကြဖို့ အကြံပြုထားပြီး အမေရိကန် အာဏာပိုင်တွေကို ဒေသတွင်းက လူတွေဆီ ထွက်ခွာသွား ကြဖို့ လည်း အကြံပြုထားပါတယ်” လို့ ဒမတ်စကတ် တွင် အီရန် နှင့် ဆီးရီးယား နှစ်နိုင်ငံ ဆွေးနွေး မှုအပြီးတွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Faisal Mekdad နှင့်ပြုလုပ်ခဲ့သည့် ပူးတွဲသတင်း စာရှင်းလင်းပွဲတွင် အီရန် နိုင်ငံခြား ရေးဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေကို ပြန်လည်ဖွဲ့စည်းဖို့ အမေရိကန်နိုင်ငံ ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပြီး အီရန် အစ္စလာမ္မစ်သမ္မတ နိုင်ငံအနေနဲ့ ဆီးရီးယားနိုင်ငံ၏ အစွန်းရောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဥ်များမှာ ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ အလေးပေး ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian က ဆီးရီးယားရှိ အမေရိကန်တပ်များကို အိမ်ပြန်ကြရန် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အကြံပေးခဲ့တာဖြစ်ပြီး “အမေရိကန်တပ်ဖွဲ့ဝင်တွေကို အိမ်ပြန်ကြဖို့ အကြံပြုထားကာ အမေရိကန် အာဏာပိုင် တွေကို ဒေသတွင်းက လူတွေဆီ ထွက်ခွာကြဖို့လည်း အကြံပြုထားပါတယ်” လို့ Amir-Abdollahian က Damascus တွင် ၎င်း၏ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး Faisal Mekdad နှင့်အတူ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သတင်းဌာနများက ဖော်ပြပြော ဆိုထား ကြပါတယ်။