အေးချမ်းစွာနေလိုသော တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့လာမှုကြောင့် ကသာမြို့ နယ်၊ဘုရားတောင်ကျေးရွာအနီး အကြမ်းဖက် KIA နှင့် PDF များ၏ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

သြဂုတ် ၃၀

      ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဘုရားတောင်ကျေးရွာအနီးတွင် လူသတ်အကြမ်းဖက် PDF များခိုအောင်းနေကြောင်း အေးချမ်းစွာနေလိုသော တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များ သည် အဆိုပါနေရာကို သွားရောက်နယ်မြေရှင်းလင်းရာ အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF များပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

       ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်လုပ်သေနတ် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ် ၄၀ မမ ၁ လက်၊ လက်လုပ် ၆၀ မမဗုံးသီး ၉ လုံး၊ လက်လုပ် ၄၀ မမဗုံးသီး ၁၇ လုံး၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ လက်မောင်းလက်ပတ် ၅ ခု၊ ခရာကြိုး ၂ ချောင်း၊ ပြောက်ကျားဦးထုပ် ၂ လုံး၊၁၅ယောက်အိပ်တဲ ၁ လုံး တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာ နေလိုကြပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ လူသတ်အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြပြီး ၎င်းတို့ လှုပ်ရှားမှုသတင်းများကို ယခုလို နီးစပ်ရာ နယ်မြေလုံခြုံရေးအဖွဲ့များသို့ လျှို့ဝှက် သတင်းပေးပို့လာကြကြောင်းသိရပါ သည်။

#PAN