လားရှိုးမြို့ရှိ ဟိုတယ်တစ်ခုအတွင်းဗုံးခွဲမှုဖြစ်

ဩဂုတ်လ ၃၁

ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄နာရီခွဲ အချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ်(၈)ရပ်ကွက် အတွင်းရှိ ဟိုတယ်၌ ပေါက်ကွဲမှု့ဖြစ်ပွားခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ လူငယ် ၂ ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်၍ တည်းခိုလိုကြောင်းနဲ့ အခန်းမေးမြန်းပြီး အခန်းကြည့်မည်ဟုဆိုကာ အိတ်အနက်တစ်ခုကို ကောင်တာအနီးတွင်ထား၍ အခန်းဝင်ကြည့်ခဲ့ပြီးနောက် အိတ်အနက်ကို ပြန်မယူဘဲ အပြင်တွင် ဆိုင်ကယ်ဖြင့်စောင့်နေသည့် သူတစ်ဦးနှင့် ထွက်ခွာသွားပြီး‌နောက် မကြာမီ ထိုအိတ်မှာပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါပေါက်ကွဲမှု‌ကြောင့်ဆိုင်ဝန်ထမ်းတစ်ချို့ ဒဏ်ရာရရှိပြီး ဒဏ်ရာရသူများကို လားရှိုးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ဆေးကုသမှုခံယူနေကြောင်းသိရပါသည်။