နောက်ခံလူ ဗာရန်း ဒဏ်ရာကြောင့် ရက်သတ္တပတ်(၆)ပတ်ခန့် အနားယူရနိုင်

ဩဂုတ် ၃၀
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဗာရန်းဟာ နော်တင်ဟမ်နဲ့ပွဲတွင် ရရှိခဲ့သည့်ဒဏ်ရာကြောင့် ရက်သတ္တပတ်(၆)ပတ်ခန့် အနားယူရနိုင်တယ်လို့ သိရပါတယ်။

ဗာရန်းဟာ နော်တမ်ဟမ်နဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပေမယ့် ဒုတိယပိုင်းစစချင်းမှာပဲ လင်ဒီလော့ဖ်နဲ့ လူစားလဲခဲ့ရပါတယ်။
လာမည့်စက်တင်ဘာလ(၃)ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အဖြစ် ယှဉ်ပြိုင်ကစားမည့် အာဆင်နယ်အသင်းနဲ့ ပွဲကိုလည်း လွဲချော်သွားဖို့ရှိပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မေဆန်မောင့် နဲ့ နောက်ခံလူ လုခ်ရှော တို့ကလည်း မကြာသေးမီက ဒဏ်ရာများ ရရှိထားပါတယ်။