ချောင်းဦးမြို့နယ်၊ ငယှန်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ဖမ်း ဆီးထားသော  ၆ ဘီးယာဉ် ၅ စီးနှင့်ပြည်သူ ၅ ဦးတို့ကို နယ်မြေလုံခြုံရေးအဖွဲ့က အန္တရာယ်ကင်းစွာ ကယ်ထုတ်

သြဂုတ် ၃၀

      ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငယှန်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များ ဖမ်း ဆီးထားသော  ၆ ဘီးယာဉ် ၅ စီးနှင့် ပြည်သူ ၅ ဦးတို့ကို နယ်မြေလုံခြုံရေးအဖွဲ့က အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါ ၆ ဘီးယာဉ် ၅ စီးနှင့် ပြည်သူ ၅ ဦးတို့မှာ ဦးသူထူစံ၊ ၁၉နှစ်၊ (ဘ) ဦးထွန်းလင်းအောင်၊အလုံရပ်ကွက်၊မုံရွာမြို့နေသူနှင့်အတူ Nissan ၆ ဘီးယာဉ်နံပါတ် 4A/4332၊ ဦးနေဇော်ဦး၊ ၃၇နှစ်၊ (ဘ)ဦးထွန်းအောင်၊အလုံရပ် ကွက်၊ မုံရွာမြို့နေသူနှင့်အတူ ၆ ဘီးယာဉ်နံပါတ် 3B/9816၊ ဦးရာဇာချစ်ဦး၊ ၂၀ နှစ်၊(ဘ)ဦးသက်ထွန်း၊ အလုံရပ်ကွက်၊မုံရွာမြို့နှင့်အတူ ၆ဘီးယာဉ်နံပါတ် 5D/5501၊ ဦးညီမင်းလတ်၊ ၂၅ နှစ်၊ (ဘ) ဦးပြည့်၊ အလုံရပ် ကွက်၊ မုံရွာမြို့နေသူနှင့်အတူ ၆ဘီးယာဉ်နံပါတ် 5L/6221၊ ဦးအောင်သိုက်၊ ၃၈ နှစ်၊(ဘ)ဦးသိန်းဆွေ  အလုံရပ်ကွက်၊မုံရွာမြို့နေသူနှင့်အတူ ၆ဘီးယာဉ်နံပါတ် 3E/7819 တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။

          ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် အဓမ္မအနိုင်ကျင့် ဖမ်းဆီးမှုများ၊ သတ် ဖြတ်မှုများကြောင့် ပြည်သူလူထုအနေဖြင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF များကို ရွံရှာမုန်းတီးလာကြကြောင်း သိရပါသည်။

#PAN