ပျော်ဘွယ်မြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၉၀/၇ ဖာလုံတွင် ဆီဘောက်ဆာယာဥ်နှင့် တွဲကားယာဥ်တို့ တိုက်မိခဲ့ရာ ဆီဘောက်ဆာယာဉ်တိမ်းမှောက်၍ ဆီယိုစိမ့်မှုဖြစ်ပွား

သြဂုတ် ၂၇

         ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၉၀/၇ ဖာလုံတွင် ရန်ကုန်သီလဝါဆိပ် ကမ်းမှ ဆီများတင်ဆောင်၍ မန္တလေးသို့ထွက်ခွာလာသော ဂါလံ ၈၀၀၀ ဆံ့ ဆီဘောက်ဆာယာဉ်နှင့် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ထွက်ခွာလာသော တွဲကားယာဥ်တို့ တိုက်မိခဲ့ရာ ဆီဘောက်ဆာယာဉ်တိမ်းမှောက်၍ ဆီယိုစိမ့်မှုဖြစ်ပွားခဲ့သည်။

       အခင်းဖြစ်နေရာသို့ ပျော်ဘွယ်မြို့နယ် မီး သတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ ရမည်းသင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

       အဆိုပါယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်မောင်း အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)၊ ယာဉ်နောက်လိုက် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် တွဲကားပေါ်ရှိ အမျိုသမီး ၁ ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့ကို ကြက် ခြေနီလူမှုကူညီရေးအသင်းနှင့် အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်းတို့က သူနာတင်ယာဉ်များဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN