ညောင်လေးပင်မြို့နယ်တွင် ဆီဘောက်ဆာယာဥ်တိမ်းမှောက်၍ ယာဥ်မောင်းမီးလောင်သေဆုံး


သြဂုတ် ၂
      ယနေ့ နံနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ညောင်လေးပင်မြို့နယ်၊ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊ ပင်းတလဲကျောင်းကွေ့ ရန်ကုန် – မန္တလေး ကားလမ်းလမ်းဟောင်း မိုင်တိုင်အမှတ် ၇၆/၄ အနီးတွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ စောမျိုးလင်း၊၄၂ နှစ် ၊အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေသူမောင်းနှင်ပြီး ယာဉ်နောက်လိုက် မောင်သက် ၊၃၃ နှစ်၊ မှော်တောကျေးရွာ၊ အရာတော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနေသူ လိုက်ပါလာသော ဓါတ်ဆီ/ဒီဇယ် ၂ ကန့်၊ ဂါလံ ၈၀၀၀ ဆံ့၊ မော် တော်ယာဥ် အမှတ် MDY 6-6642 NISSAN ၂၂ ဘီး(အဝါရောင်) ဆီဘောက်ဆာယာဉ်တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ဆီဘောက်ဆာယာဉ် တိမ်းမှောက်၍ မီးလောင်မှုကြောင့် အနီးရှိလူနေအိမ်ခြံစည်းရိုးများကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့သည်။

အခင်းဖြစ်ရာသို့  ညောင်လေးပင်မြို့နယ် မီး သတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ပြွန်တန်ဆာမီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ပိန်းဇလုပ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂ စီး၊ ဒိုက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂ စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ကြောင်း၊ ၁၂ နာရီ ၅ မိနစ်အချိန်ခန့်တွင် မီးညွှန့်ကျိုးခဲ့ကြောင်းသိရသည်။

ယာဉ်မောင်းမှာ ယာဉ်နှင့်အတူမီးလောင်ကျွမ်းသေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် မောင်သက်တွင် ပြင်းထန်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့သဖြင့် ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ဆေးကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN