နောင်ချိုမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ အတင်းအဓမ္မ ဆက်ကြေးတောင်းနေ ဆက်ကြေးတောင်းနေသည့် TNLA,PDF အကြမ်းဖက်အဖွဲ့နှင့် တပ်မတော်စစ်ကြောင်းတိုက်ပွဲ ဖြစ်ပွား ဒေသခံတစ်ချို့ ပိတ်မိနေ

ဩဂုတ်လ ၂၆

ရှမ်းပြည်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ ခြမ်းဖြစ်သည့် မြောက်ကုန်းကြီးကျေးရွာအနီးတွင် ဆက်ကြေးကောက်ခံနေသည့် TNLA, PDFပူး‌ပေါင်းအကြမ်းဖက်အဖွဲ့များနှင့် တပ်မတော်စစ်ကြောင်းများ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်မှ စတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရှိရပါသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံပြည်သူအချို့ ပိတ်မိနေကြောင်းသိရှိရပြီး အချို့ဒေသခံများမှာ နောင်ချိုမြို့ပေါ် ရှိ သပြေရေသံသရာအေးကျောင်းတိုက်သို့ စစ်ဘေးရှောင်များအဖြစ်ရောက်ရှိနေကြောင်းသိရှိရပါသည်။

အဆိုပါမြို့နယ်အတွင်းရှိ ကျေးရွာကို၎င်းအကြမ်းဖက်အဖွဲ့များက ၁ ရွာကို ငွေကျပ် သိန်း ၄၀ နှုန်း ဆက်ကြေးပေးဆောင်ရန်နှင့် မပေးဆောင်ပါက ကျေးရွာစာသင်ကျောင်းများချေမှုန်းဖျက်ဆီးပစ်မည်ဟုလည်းကောင်း ဆက်ကြေးများကို ဩဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံးထားပေးရန်ခြိမ်းခြောက်နေကြောင်း သိရှိရပါသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ငုက္ခလေးကျေးရွာနှင့်ကျေးရွာအချို့၊ မူဆယ်မြို့နယ် ဆယ်လန့်ကျေးရွာအပါအဝင်ကျေးရွာတစ်ချို့တွင် အကြမ်းဖက်သောင်းကျန်းသူများမှ တစ်ရွာလျှင် ငွေကျပ်သိန်း ၄၀ ပေးရန် အတင်းအဓမ္မခြိမ်းခြောက်ဆက်ကြေးကောက်ခံနေကြောင်း သိရှိရသည်။