“ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အသစ် အဖြစ် တာဝန်ယူမည့် Srettha Thavisin အား တရုတ်နိုင်ငံမှ ဂုဏ်ပြုကြောင်း သ၀ဏ် လွှာပေးပို့ခဲ့”

သြဂုတ် ၂၆

တရုတ်ပြည်သူ့ သမ္မတ ဝန်ကြီးချုပ် Li Qiang က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမည့် Srettha Thavisin အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပြီးခဲ့သည့် သောကြာနေ့က ပေးပို့ခဲ့ပါတယ်။

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သည် နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိ ပြီဖြစ်သော ချစ်ကြည်ရင်း နှီးမှုများရှိနေကြပြီဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် ခေတ်သစ်တွင် ဆက်လက် ထွန်းကားလာနေကြောင်း အဆိုပါ ဂုဏ်ပြု သဝဏ်လွှာတွင် မစ္စတာလီက ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်၏ ထိုင်းနိုင်ငံသို့ သမိုင်းဝင် ခရီးစဉ်တွင် နှစ်နိုင်ငံ အရေးကြီးသော ရလဒ်များကို အကောင်အထည်ဖော်နိုင်ရန် အတွက် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အလွန်အရေးကြီးကြောင်း လီက ပြောကြားခဲ့ပါတယ်။

“တရုတ်-ထိုင်းသည် မိသားစုတစ်စုတည်းကဲ့သို့ နီးကပ်မှုရှိတယ်” ဟူသော နှစ်နိုင်ငံချစ်ကြည်ရေး နှောင်ကြိုးကို သယ်ဆောင်ရာတွင် နှစ်နိုင်ငံ ဘက်စုံဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် နက်ရှိုင်းစေကာ တရုတ်-ထိုင်း အသိုက်အဝန်းကို တည်ငြိမ်သော တိုးတက် မှုအတွက် မျှဝေသည့် အနာဂတ်နှင့်အတူ နှစ်နိုင်ငံကို အကျိုး တူပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို မြှင့်တင်ပေးသွားမည်ဖြစ်တယ်လို့လည်း ၎င်းက ဆိုထားပါတယ်။

အိမ်နီးချင်းကောင်း၊ သူငယ်ချင်းကောင်း၊ ဆွေမျိုးကောင်းများနှင့် လက်တွဲ ဖော်ကောင်းများ ထာဝရတည်မြဲကြောင်း ၎င်းက အဆိုပါ ဂုဏ်ပြု သဝဏ်လွှာတွင် ထပ်လောင်း ပြောကြားထားပါတယ်။