ကြေးစားတပ်ဖွဲ့ဝက်ဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်လေယာဉ်ပျက်ကျမှုကြောင့်သေဆုံး

ဩဂုတ် ၂၄

      ရုရှားနိုင်ငံမော်စကိုမှ စိန့်ပီတာစဘတ်သို့ထွက်ခွာလာသော စင်းလုံးငှားကိုယ်ပိုင်လေယာဉ်တစ်စီးသည် ဩဂုတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့တွင်ပျက်ကျသွားပြီး ၎င်းတို့အနက် ဝက်ဂ်နာအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်လည်းပါဝင်သည်ဟု ရုရှားသတင်းဌာနများနှင့်မီဒီယာများကဖော်ပြခဲ့သည်။

      အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၇ ဦးနှင့် လေယာဉ်အမှုထမ်း ၃ ဦးပါဝင်ပြီး ၁၀ လုံးသေဆုံးသွားကြောင်းသိရသည်။

     အဆိုပါလေယာဉ်ပေါ်၌ပါသွားသည့်ခရီးသည်စာရင်း၌ ဝက်ဂ်နာအဖွဲ့ခေါင်းဆောင်ပရီဂိုဇင်၏ နာမည်စာရင်းပါဝင်နေကြောင်း ရုရှားအာဏာပိုင်များကအတည်ပြုပြောကြားသည်။

     လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူ ၁၀ ဦးအနက် ၈ ဦး၏ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိထားပြီဖြစ်ကြောင်း ရုရှားမီဒီယာများ၌ဖော်ပြထားသည်။

#PAN