“ဂျပန်အစိုးက ၎င်းတို့နိုင်ငံ၏ ဖူကူရှိးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံကြီးမှ ရေဒီယိုသတ္တိကြွ ညစ်ညမ်းရေးများကို ပင်လယ်ပြင်အတွင်းသို့ စွန့်ပစ် သွားမည် ဖြစ်ကြောင်း ကြောညာခဲ့ပြီးနောက် ဂျပန် – တောင်ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရှုပ်ထွေး မှုများ ဖြစ်ပေါ်လာ စေခဲ့”

သြဂုတ် ၂၃

ဂျပန်နိုင်ငံက ၎င်းတို့နိုင်ငံအတွင်းရှိ ဖူကူရှိးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံကြီးမှ ရေဒီယိုသတ္တိကြွညစ်ညမ်းရေများကို ပင်လယ်ထဲသို့ စွန့်ပစ်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက် ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ ချစ်ကြည်ရေးကို ရှုပ်ထွေးမှုများဖြစ်ပေါ်လာစေခဲ့ပါတယ်။

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ သန့်စင်သောရေကို ဂျပန်နိုင်ငံမှ ထုတ်လွှတ်ရန် အစီအစဉ်များသည် အထူးသဖြင့် တောင်ကိုရီးယား ဒေသတွင်း အလွန်ကွဲ ပြားသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့ပါတယ်။

အဆိုပါ ဖူကူရှီးမား ဓာတ်အားပေးစက်ရုံမှ နျူကလီးယား ညစ်ညမ်းသော ရေများကို ပြီးခဲ့သည့် သြဂုတ်လ ၁၇ရက် ကြာသပတေးနေ့ အစောပိုင်းက ပင်လယ်ထဲသို့ စတင်ထုတ်လွှတ်တော့မည် ဖြစ်ကြောင်း ဂျပန်အစိုးရက ကြေညာခဲ့ပြီး အာရှတိုက်နှင့် ကမ္ဘာတဝှမ်းတွင် အဆိုပါကိစ္စရပ်ကို ပြင်းထန်သော တုံ့ပြန်မှုများ ပြုလုပ် ခဲ့ကြပါတယ်။

ထို့နောက် တောင်ကိုရီးယား ဆိုလ်းမြို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ထောက်ခံ သူများက ဂျပန်အစိုးရ၏ ဆုံးဖြတ် ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။