“ယခုနှစ် BRICS ထိပ်သီးအစည်းအဝေးသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဘိုလီးဗီးယားနိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံ နှင့် အီရန် နိုင်ငံတို့အပါအဝင် အခြားနိုင်ငံများ၏ အကြီးအကဲ ၆၇ဦးအား ဖိတ်ကြားထား”

သြဂုတ် ၂၂

တောင်အာဖရိကနိုင်ငံ သမ္မတ Ramaphosa က တရုတ်နိုင်ငံ နှင့်တောင်အာဖရိက နိုင်ငံတို့ အကြားဆက်ဆံရေး တိုးတက်စေရန် ထောက်ခံ အားပေးမှုများတိုးပွားလာနေပါတယ်။

တရုတ်-တောက်အာဖရိက နှစ်နိုင်ငံကြား ဆက်ဆံရေး ထူထောင်မှု ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို သတိပြုမိကြောင်း သမ္မတ Cyril Ramaphosa က ကြေညာခဲ့ပြီး တောင်အာဖရိကနိုင်ငံ၏ ကုန်သွယ်ရေးမှာ လိုငွေပြမှု များဖြင့် စိန်ခေါ်မှုများ ရှိနေသော်လည်း တရုတ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထူထောင်ပြီးနောက်ပိုင်း နှစ်များအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် အဆမတန် တိုးတက်လာကြောင်း သမ္မတ Ramaphosa က ပြောကြားခဲ့ပါတယ်။

၁၅ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးကို တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့၏ ဘဏ္ဍာရေး ခရိုင်ဖြစ်သော Sandton တွင် သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပသွား မည်ဖြစ်ပြီး ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များ ဦးဆောင်ကာ ကမ္ဘာ့ ကုန်သွယ်ရေး နှင့် စီးပွားရေးဆိုင်ရာတို့၏ လျင်မြန်စွာ ပြောင်းလဲနေသော ပုံစံလည်း ဖြစ်ပါတယ်။

ယခုနှစ် BRICS ထိပ်သီးအစည်း အဝေး တွင် အာဖရိကတိုက်မှ ၅၃ နိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘိုလီးဗီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နှင့် အီရန်နိုင်ငံ တို့အပါအဝင် အခြားနိုင်ငံအကြီးအကဲ ၆၇ ဦးအား အဆိုပါ ဖိုရမ်သို့ ဖိတ်ကြားခဲ့ကြတာလည်းဖြစ်ပါတယ်။