သပိတ်ကျင်းမြို့ နယ်၊ ကြာညှပ်ကျေးရွာအဝင်လမ်းဘေးတွင် အပြစ်မဲ့ပြည်သူ တစ်ဦး အကြမ်း ဖက် PDF များ ထောင်ထားသော လက်လုပ်မိုင်းကို နင်းမိပြီး နေရာတွင် သေဆုံး

ဩဂုတ် ၂၀

        ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ်၊ ကြာညှပ်ကျေးရွာနေ သာမန်ပြည်သူ ဦးညိုဦး၊၇၈နှစ်၊(ဘ)ဦးအောင်ဝင်း၊တောင်သူလုပ်ငန်းလုပ်ကိုင်သူသည် ကြာညှပ်ကျေးရွာ အဝင်လမ်းဘေးရှိ ၎င်းပိုင်ဆိုင်သော တောင်ယာခင်းအား ဓါးရှည်ဖြင့် ရှင်းလင်းနေစဥ် အကြမ်းဖက်သောင်း ကျန်းသူ PDF များ ထောင်ထားသော လက်လုပ်မိုင်း ၁ လုံး နင်းမိပြီး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

       ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးညိုဦး တွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ် ရာ၊ဝဲလက်/ခြေထောက်ပြတ် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

      ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည် အရပ်သားပြည်သူများ နေထိုင်သွားလာကြသော ရွာပတ်ဝန်းကျင် နေရာများတွင် မိုင်းများထောင်ထားခြင်းကြောင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးနေကြရကြောင်း၊ ထိုသို့ အကြမ်းဖက် PDF များ၏ လုပ်ရပ်များကို ပြည်သူများက စက်ဆုပ်ရွံရှာ ကြောက်လန့်နေကြကြောင်း သိရပါသည်။

#PAN