ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ သီရိရတနာတည်းခိုခန်းတွင် တည်းခိုနေသူ ၂ ဦးတို့ စီးနင်းလာသော ကားအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဩဂုတ် ၁၉

ယနေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင် ရပ်ကွက်၊ သီရိရတနာလမ်းရှိ ”သီရိရတနာ” တည်းခိုခန်းတွင် တည်းခိုနေသူ ၂ ဦးတို့ စီးနင်းလာသော ကားအတွင်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

         ဖြစ်စဉ်မှာ တာဝန်သိပြည်သူများ၏ လျှို့ ဝှက် သတင်းပေးချက်အရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့များက ၎င်း တည်းခိုခန်းသို့ဝင်ရောက် ရှာဖွေခဲ့ရာ အခန်းအမှတ်(A-11)တွင် တည်ခိုနေကြသော စိုးမင်းအောင်(ခ)ကိုကျော်၊ ၃၇ နှစ်၊ (ဘ)ဦးဝင်းထိန်၊နဝရတ်လမ်း၊ (၅)ရပ် ကွက်၊လှိုင်သာယာမြို့နေထိုင်သူနှင့် ငြိမ်းဇော်ထွေး၊၂၈ နှစ်၊ (ဘ)ဦးမြင့်ကြည်၊ မင်းလှစည်သူလမ်း၊ (၆၉)ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေသူတို့ ၂ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါ သည်။

အဆိုပါ တရားခံ စိုးမင်းအောင် (ခ)ကိုကျော်၏ ထွက်ဆိုချက်အရ တည်းခိုခန်းရှေ့ရပ်ထားသည့် ၎င်းတို့စီးနင်းလာသော ယာဉ်အမှတ် YGN-40 DD/9741 TOYOTACOROLLA(အဖြူရောင်) မော်တော် ယာဉ်အတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းထားကြောင်း၊ ဆက်လက်ရှာဖွေခဲ့ရာ M-4 သေ နတ် ၃ လက်(မတပ်ဆင်ရသေး)၊Sig Saure ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည်နှင့် ၅.၅၆ ကျည်(အရေအတွက်စိစစ်ဆဲ)နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN