ရွှေဘိုမြို့ ၊အမှတ် ၈ ရပ်ကွက် ၊ အောင်ချမ်းသာစျေးအနီး ဆန်ကုန်သည်တစ်ဦး၏ နေအိမ်ကို အကြမ်းဖက် PDF များက အနုကြမ်းစီးဓားပြ တိုက်၊ ငွေကျပ် သိန်း ၂၀၀ ခန့် ယူဆောင်သွား

သြဂုတ် ၁၈

       ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့ ၊အမှတ် ၈ ရပ်ကွက် ၊ အောင်ချမ်းသာစျေးအနီးနေထိုင်သော ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးသန့်ဇင်၏နေအိမ်ကို အင်အားစိစစ်ဆဲ အကြမ်းဖက် PDF အဖွဲ့က သေနတ်အတို(စိစစ်ဆဲ)ကိုင်ဆောင်ပြီး အနုကြမ်းစီးဓားပြ တိုက်သွားခဲ့ကြောင်း မြေပြင်သတင်းပေးပို့မှုအရ သိရသည်။

        အဆိုပါ အကြမ်းဖက် PDF ဓားပြများသည် ဆန်ကြည့်ရန် ဆန်စျေးစုံစမ်းရန် ပြောဆိုပြီး နေအိမ်အတွင်း ဝင်လာကြောင်း၊ ၎င်းနောက် နေအိမ်ရှိ လူများကို ဒူးထောက်ခိုင်းပြီး ရိုက်နှက်ခဲ့ကြောင်း၊ ၎င်းနေအိမ်အတွင်းမှ ငွေကျပ် သိန်း ၂၀၀ ခန့် ယူဆောင်သွားကြောင်းနှင့် ၎င်းအကြမ်းဖက် PDF ဓားပြမျာသည် ရွှေဘိုမြို့အနောက်ဖက် ဆိပ်ခွန်သွားလမ်းအတိုင်း ထွက်သွားကြောင်း သတင်းရရှိပါသည်။

       လူသတ်အကြမ်းဖက် KIA နှင့် ဒေသတွင်းရှိ PDF များ ဦးဆောင်ကာ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခြေကုပ်ယူ၍  ရွှေဘိုမြို့ပေါ်သို့ မကြာခဏဆိုသလို ဝင်ရောက်ကာ ဒလန်ခေါင်း စဉ်ဖြင့် ဝင်ရောက်သတ်ဖြတ်ဖြတ်ခြင်း၊အနုကြမ်း စီး ပြန်ပေးဆွဲခြင်းများ မကြာခဏ ဖြစ်ပေါ်နေသော မြို့နယ်တစ်ခုဖြစ်ကြောင်း သတင်းများအရ ကြားသိနေရပါသည်။

       လွန်ခဲ့သော ဇွန်လ ၁၀ ရက်နေကလည်း ချီပါမြောက်ရွာ ဆန်စက်ပိုင်ရှင် ၁ ဦးကို မိုးကြိုးမုန့်တိုင်းအဖွဲ့က လူကိုသတ်ပြီး ရွှေငွေများ ယူဆောင်သွားသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ကြောင်း၊ ဒေသတွင်းပြည်သူများ၏ ပြောဆိုသံများအရ ရွှေဘိုမြို့ပေါ်သည် အကြမ်းဖက်ရန်များ၏အန္တရာယ်မှ မလုံခြုံတော့ကြောင်း ၊ အကြမ်းဖက်လုပ်ဆောင်နေသောသူများကိုလည်း ယခုအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ မြို့ဝင်ပေါက်ဂိတ်များတွင် စနစ်တကျ တင်းတင်းကြပ်ကြပ် စစ်ဆေးကြီးကြပ်မှုများ အားနည်းကြောင်း မြို့ခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN