နွားထိုးကြီးမြို့နယ်တွင် တာဝန်သိ ဒေသခံပြည်သူတစ်ဦး၏ သတင်း ပေးချက်အရ နယ်မြေစိုးမိုးရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းရာ လူလုပ်လိုဏ်ဂူအတွင်းမှ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိ

သြဂုတ် ၁၇

       မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် တာဝန်သိ ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးချက်အရ အခြေပြုနေရာ နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်း(တောင်)ရွာမှ ယမန်နေ့ နံနက်ပိုင်းက ထွက်ခွာလာရာ ၎င်းရွာ၏ အနောက်ဘက်မီတာ ၃၅၀၀ ခန့်အကွာနေရာသို့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ရောက်ရှိရှင်းလင်းစဉ် ရန်သူခိုအောင်းနေထိုင်သော အလျား ပေ ၅၀ ၊ အနံ ၆ ပေ ၊ အနက် ၄ ပေရှိ လူလုပ်လိုဏ်ဂူကို တွေ့ရှိခဲ့သည်။

      အဆိုပါ လူလုပ်လိုဏ်ဂူအတွင်းမှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ လက်လုပ်Drop Bomb ၁၈ လုံး၊ ၇.၆၂ မမကျည် ၂၈၀၀ တောင့်၊ Remote Circuit ၇၀ ခု၊ Remote Control ၁၀ ခု၊ ကျည်ကာအင်္ကျီ ၁၆ ထည်၊ Circuit ၁၆ ခု၊ ကီးပတ်ဖုန်း ၁၀ ခု၊ ယမ်းကြိုးအမြန် ၁၀၀ ပေ  ၁ ခွေ၊ စနက် တံ ၅၀ ခု၊ ဝါယာကြိုး(၃၀၀)ပေ ၅ ခွေ၊ ဆိုင်ကယ်ဘတ္ထရီ ၁၀ လုံး၊ မှန်ပြောင်း ၁ လက်၊ ယမ်းညှင်း ၁၀ ကီလို၊ ယမ်းစိမ်း ၂ ကီလို၊ ဓာတ်မြေ ဩဇာ (၁၀)ပိဿာခန့် ၁ ပုံး၊ လက်လုပ်မိုင်း ၅ လုံး တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ၎င်းသိမ်းဆည်းရမိ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို အန္တရာယ်ကင်းစွာ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN