“ထိုင်းနိုင်ငံက ၎င်းတို့နိုင်ငံအတွင်း လျှပ်စစ်မီ တာခ နှုန်းထား များ ခုန်တတ်သွား သည့်အတွက် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုများကို ပိုမို မြှင့်တင်မှုများပြုလုပ်သွားဖွယ်ရှိနေ”

သြဂုတ် ၁၅

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးသော သဘာဝဓာတ်ငွေ့ထုတ်လုပ်နေသည့် ထိုင်းနိုင်ငံပိုင် PTT သည် နိုင်ငံအတွင်း စွမ်းအင်ဓာတ်အား အကျပ်အတည်းများကို ရှောင်ရှားနိုင်ရန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို မြှင့်တင်သွားရန် စီစဥ်နေ ကြတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံပိုင် PTT စူးစမ်းလေ့လာရေးနှင့် ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (PTTEP) Public Company Limited သည် ၎င်းတို့၏ အကြီးဆုံး လုပ်ငန်းခွင် ဖြစ်သည့် Erawan တွင် ဓာတ်ငွေ့နှစ်ဆ ထုတ်လုပ်မှုကို လာမည့် ၂၀၂၄ ခုနှစ် အစောပိုင်းတွင် တစ်ရက်လျှင် သဘာဝ ဓာတ်ငွေ့ကုဗပေ သန်း ၈၀၀ အထိ ထုတ်လုပ်သွားရန် စီစဉ်နေကြောင်း အဆိုပါ ကုမ္ပဏီကြီး၏ အမှုဆောင် အရာရှိချုပ် Montri Rawanchaikul က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် လာမည့် နှစ်တွင် Bongkok က ဒုတိယအကြီးမားဆုံး သဘာဝဓာတ်ငွေ့ ထွက်ရှိမှုသည် ၁၀ ရာခိုင်နှုန်းခန့်ထိ တိုးလာမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုထားပါတယ်။

ထိုင်း PTTEP သည် ပြည်တွင်းဓာတ်ငွေ့ သုံးစွဲ မှုများကိုလုံလောက်စွာ ပေးနိုင်ရန်အတွက် ထုတ်ယူမှုများ မြှင့်တင်ရန် ပျက်ကွက်ခြင်းကြောင့် ယမန်နှစ်က ပြည်တွင်း လျှပ်စစ်မီတာခများ ခုန်တက်သွားသည့်အတွက် ဝေဖန်ခံရသည့် ကုမ္ပဏီများတွင် ပါဝင်လာ ပြီးနောက် ထိုသို့ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့မှ ဓါတ်အား ၆၀ ရာခိုင်နှုန်းကျော် ရရှိနေတာဖြစ်ပြီး ဝယ်လို အားပြည့်မီစေရန် ထုတ်လုပ် တင်သွင်းမှုများ တိုးမြှင့် လျက်ရှိပါတယ်။

ပြီးခဲ့သည့် သြဂုတ်လ ၉ရက် ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ၏ သဘာဝဓာတ် ငွေ့ထုတ်လုပ်မှုများသည် ဥရောပစံနှုန်းများ ၄၀ ရာခိုင်နှုန်းထိ တိုးတတ်လာပြီး ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကမ္ဘာ့စျေးကွက်များကို မြှင့်တင်လိုက်ပြီးနောက် အကြီးမား စျေးဆုံးခုန်တက်မှုမှာထိုင်းနိုင်ငံ၏ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော လျှပ်စစ် ဓာတ် အားခနှုန်းထား များပါ၀င်နေခြင်းအတွက် စိုးရိမ်ပူပန်မှုအသစ်တစ်ခုဖြစ်လာခဲ့ရတာလည်းဖြစ်ပါတယ်။

“မကြာသေးမီက LNG စျေးနှုန်း များမြင့်တက်မှုဟာ သဘာဝ ဓာတ်ငွေ့ နှင့် လျှပ်စစ်ဓာတ်အားအကျပ်အတည်းအတွက်ကျနော်တို့ အနက်ရှိုင်းဆုံးကြောက်ရွံ့ မှုကိုဖြစ်ပေါ်စေပါတယ်” လို့ Mr Montri သူ၏ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

“ကျနော်တို့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုများကို အဓိကထား ဦးစားပေးသွားမှာဖြစ်ပြီး နိုင်ငံ၏ စွမ်းအင်လုံလောက်မှုကို မြှင့်တင်ရန်အတွက် ပြည်တွင်းဓာတ်ငွေ့ နယ်ပယ်တွင် အရန် သိုလှောင်မှုများနှင့် ထုတ်လုပ်မှုများကို တိုးချဲ့သွားမှာဖြစ်တယ်လို့” ၎င်းက ထပ်လောင်းပြောကြားထားပါတယ်။