သထုံ-ဘားအံကားလမ်းရှိ သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးနှင့် ဂတ်(စ်)ပိုက်လိုင်းတို့အား ဖောက်ခွဲဖျက်စီးခဲ့သည့်အကြမ်းဖက် PDF တစ်ဦး ဖမ်းဆီးရမိ

ဩဂုတ် ၁၄

       မွန်ပြည်နယ်၊ သထုံမြို့၊ သထုံ-ဘားအံကားလမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးနှင့် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာ၊ မြေနီကုန်းအုပ်စုရှိ ဂတ်(စ်) ပိုက်လိုင်းတို့ကို ဖေါက်ခွဲခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ဝင် အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိပြီး ဩဂုတ်လ ၁၂ ရက်နေ့တွင် သထုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

     ဖမ်းဆီးရမိသူသည် ပြည့်ဖြိုးပိုင်(ခ)ပိုင်ကြီး၊ ၁၉ နှစ်ဖြစ်ပြီး KNLA တပ်မဟာ(၁)၌ PDF လူငယ်များအား ဖွင့်လှစ်သည့် သင်တန်းအမှတ်စဥ်(၁)တွင် တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူထံမှ သိရသည်။

      ပြည့်ဖြိုးပိုင်(ခ)ပိုင်ကြီးသည် အထက်ပါ ဖောက်ခွဲဖျက်စီးမှုအပြင် သထုံမြို့နယ်အတွင်းရှိ  စားသောက်ဆိုင်နှင့် ဖုန်းဆိုင်ဖောက်ခွဲမှုဖြစ်စဥ်များကိုလည်း ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုသည်။

     အဆိုပါ ဖမ်းဆီးရမိသူ ပြည့်ဖြိုးပိုင်(ခ)ပိုင်ကြီးအား (ပ)၆၂/၂၀၂၃၊ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)(ဈ)/ ၅၀(ည)/ ၅၂(က) ဖြင့် သထုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

#PAN