ကျောက်ပန်းတောင်းမြို့နယ်တွင် အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ၊ ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးစည်းရုံးရေးမှူးဟောင်း တစ်ဦးကို အမည်မသိ လူသတ်အကြမ်းဖက်သမား PDF တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေး

သြဂုတ် ၁၃

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာနေ ဦးသိန်းမြင့်၊ ၆၄ နှစ်၊ (ဘ)ဦးချစ်ညွှန့်၊တောင်သူ (အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ၊ ပြည်ခိုင်ဖြိုးပါတီရပ်/ကျေးစည်းရုံးရေးမှူးဟောင်း)နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်လှညွှန့်တို့ကိုကျောက်ပန်းတောင်းမြို့နယ်၊ဂဲကြီးကုန်း -တလင်း ကုန်းကျေးရွာသွား လှည်းလမ်းမပေါ်တွင် ယနေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က အမည်မသိ လူသတ်အကြမ်းဖက် PDF တစ်ဦးက အမျိုးအစား(စိစစ်ဆဲ)သေနတ်အတိုဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ ဦးသိန်းမြင့်၏ ယာဘက်လက်မောင်းရင်းနောက်ဘက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့သည်။

       ဖြစ်စဥ်မှာ ဦးသိန်းမြင့်နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်လှညွှန့် တို့သည် ဂဲကြီးကုန်းကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ၊ ဘုရားနီကွင်းယာတောမှ နှမ်းများနှုတ်ပြီး နွားလှည်းပေါ်တင်၍ ပြန်လာစဉ် ဂဲကြီးကုန်းကျေးရွာ၏ တောင်ဘက် ၁ ဖာလုံခန့်အကွာ၊ ဂဲကြီးကုန်း – တလင်းကုန်းကျေးရွာသွား လှည်းလမ်းမပေါ်၌ အမည်မသိ အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးမှ ဆိုင်ကယ်အမျိုးအစား (စိစစ်ဆဲ)၊ အနက်ရောင်  125 ဆိုင်ကယ်ဖြင့် နောက်မှလိုက်လာပြီး ၎င်းတို့စီးလာသည့် နွားလှည်းအား ကျော်တက်ခဲ့ပြီး နောက်ပြန်လှည့်၍ နွားလှည်းနှင့်အရှောင်တွင် အသင့်ပါလာသော သေနတ်အတိုအမျိုးအစား(စိစစ်ဆဲ)ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇနီးဖြစ်သူမှ ဦးသိန်းမြင့်၏လက်ထဲမှ နွားနှင်တံဖြင့် သေနတ်သမား၏ သေနတ်ကိုင်ဆောင်ထားသော ယာဘက်လက်ကို ရိုက်ခဲ့ရာ အမည်မသိအမျိုးသား အကြမ်းဖက်သမားသည် လာရာလမ်းအတိုင်း အနောက်မှ အရှေ့(နတ်မောက်မြို့နယ်)ဘက်သို့ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းနှင့်ထိမှန်ဒဏ်ရာရရှိသူ ဦးသိန်းမြင့်အား လက်ပံပျားတိုက်နယ်ဆေးရုံမှ တစ်ဆင့်မိတ္ထီလာပြည်သူ့ဆေး ရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN