သဲကုန်းမြို့နယ်အတွင်း လုံခြုံရေးပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးဆောင်စဥ် အများပြည်သူသွားလာနေသည့် လမ်းပေါ်တွင် မိုင်းလာထောင်သော လူသတ်အကြမ်းဖက် PDF ၂ ဦးကို တွေ့ရှိပြီး ပစ်ခတ်ဖမ်းဆီး

သြဂုတ် ၁၂

       ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်အတွင်း
နယ်မြေခံ လုံခြုံရေးပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းရေးဆောင်စဥ် အများပြည်သူသွားလာနေသည့် လမ်းပေါ်တွင် မိုင်းလာထောင်သော လူသတ်အကြမ်းဖက် PDF ၂ ဦးကို တွေ့ရှိပြီး ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။

    ထို ထိတွေ့ပသ်ခတ်မှုတွင် အဆိုပါ လူသတ်အကြမ်းဖက် PDF ၂ ဦးးကို UZI 9MM သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃၀ တောင့်၊ လက်လုပ်မိုင်း ၂ ခု၊ keypad ဖုန်း ၄ လုံး၊ ဝါယာကြိုးခွေ ၂ ခွေတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

       PDF အမည်ခံအကြမ်းဖက်သမားများသည်စစ်မြေပြင်မဟုတ်သော အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများတွင် ယခုလို မိုင်းထောင်ခြင်းသည် အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံးစေနိုင်သည့် လုပ်ရပ်ဖြစ်သဖြင့် နိုင်ငံ တကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်းစစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသော ပြဌာန်းချက်ကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း သိရသည်။

#PAN