နွားထိုးကြီးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးကို အကြမ်းဖက်သမား PDF များက ပစ်ခတ်သတ်ဖြတ်ပြီး ၎င်း သေဆုံးသူများ၏ ရုပ်အလောင်းများကို သယ်ယူလာသော လုံခြုံရေးယာဥ်နှင့် လူမှုကူညီရေးယာဥ်တိုအား အကြမ်း ဖက်သမားများက ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်

သြဂုတ် ၁၂

       ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကြောင်နံကျေးရွာအုပ်ချုပ်ရေးမှူး ဦးအုန်းဖေ ၆၃ နှစ်၊ (ဘ)ဦးအောင်ကြင်၊ ဗမာ/ဗုဒ္ဓ၊တောင်သူ၊အိုရင်းကျေးရွာ၊နွားထိုးကြီးမြို့နယ်၊ ဒေါ်မိုး၊ ၆၇နှစ်၊ (ဘ)ဦးချစ်မြိုင်၊မှီခို၊အိုရင်းကျေးရွာ၊နွားထိုးကြီးမြို့နယ်၊(အုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ)၊ ဦးရဲမြင့်၊ ၆၇နှစ်၊ (ဘ)ဦးထွန်းရှိန်၊ကျပန်း၊အိုရင်းကျေးရွာ၊နွားထိုးကြီးမြို့နယ်နှင့် ဒေါ်အေးခိုင် ၅၄နှစ်၊ (ဘ)ဦးတင်ပို၊ မှီခို၊ အိုရင်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူတို့ကို PDF အမည်ခံအကြမ်းဖက် သမားများက လုပ်ကြံသတ်ဖြတ်သွားကြောင်း သတင်းရရှိသဖြင့် မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများ၊ နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့များသည် ယနေ့ နံနက် ၆ နာရီအချိန်ခန့်တွင် အခင်းဖြစ်နေရာနှင့် အနီးပတ် ဝန်းကျင်တို့အား သွားရောက်၍ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

    ထိုသို့ အခင်းဖြစ်နေရာနှင့် အနီးပတ်ဝန်းကျင်အား သွားရောက်ရှင်းလင်းရာ ဦးအုန်းဖေ တွင် ဝမ်းဗိုက်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲဘက်လက်ဖမိုး ဖောက်ဝင်/ထွက် ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းယာဘက်ခြမ်းဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ ဒေါ်မိုး တွင် လည်ပင်းပွင့်ထွက် ဒဏ်ရာ ၁ ချက်၊ ယာဘက်ချိုင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက်ဝဲဘက်ခြမ်းဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ဖြင့်လည်းကောင်း၊ ဦးရဲမြင့် တွင် ဦးခေါင်းကြေမွ/ပွင့်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်း ကောင်း၊ ဒေါ်အေးခိုင် တွင် ယာဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက် နားထင် … ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့
ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ဝဲဘက် ခြမ်းပွင့်ထွက်ဒဏ်ရာ ၁ ချက်) တို့ဖြင့်လည်းကောင်း လဲကျသေဆုံးနေသည်ကို တွေ့ရှိရသည်။

      ဖြစ်စဥ်မှာ ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် စိစစ်ဆဲအကြမ်းဖက်သမား PDF ၈ ဦးခန့်က ဆိုင်ကယ် ၄ စီးခန့်ဖြင့် ရောက်ရှိလာပြီး မင်းရွာ အထက်တန်းကျောင်း၊ ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် ၂ ဆောင်နှင့် ဆရာ/ဆရာမ နားနေဆောင် အဆောင် ၁ ဆောင်တို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး မင်းရွာကျေးရွာနေ ဒေါ်မိုး၊ဦးရဲမြင့်၊ ဦးအုန်းဖေ၊ ဒေါ်အေးခိုင်တို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

     အဆိုပါ စိစစ်ဆဲအကြမ်းဖက်သမား PDF များ၏ မီးရှို့မှုကြောင့်  မင်းရွာကျေးရွာ၊ အထက် တန်းကျောင်းဝန်း အတွင်းရှိ အလျား ၈၆ပေ၊ အနံ ၂၇ပေ၊ အမြင့် ၁၁ ပေ ရှိ သွပ်မိုး၊ ထရံကာ စာသင်ဆောင် ၁ ဆောင်နှင့် အလျား ၆၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၁ ပေရှိ သွပ်မိုး၊ အုတ်စီနံကပ် စာသင် ဆောင်မှပြတင်း ပေါက်တံခါးရွက်တို့ မီးလောင်ပျက်စီးခဲ့ပါသည်။

       ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အဆိုပါ သေဆုံးသူ ၄ ဦး၏ ရုပ်အလောင်းများကို သယ်ယူလာသည့် လူမှုကူညီရေးယာဥ် ALPHARD ယာဉ်နှင့် လုံခြုံ ရေးအဖွဲ့များစီးလာသည့် 7B/5318 DOUBLE CUB(အဖြူရောင်) ယာဉ်တို့သည် အခင်းဖြစ်ကျေးရွာမှ နွားထိုးကြီးမြို့သို့ ထွက်ခွာလာစဥ် နွားထိုးကြီးမြို့၏ အနောက်ဘက် ၁ မိုင် ခွဲခန့်အကွာတွင် အကြမ်းဖက် PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပြန်လည်ရှင်းလင်းပစ်ခတ်ရာ အကြမ်း ဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရပါ သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး စိုးရိမ်ရဒဏ်ရာနှင့် ၃ ဦး မစိုးရိမ်ရဒဏ်ရာ များရရှိခဲ့ပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်းသတင်းရရှိပါသည်။

       အပြစ်မဲ့ ပြည်သူ ၄ ဦးကို  အသက်သေဆုံးအောင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားပြီး ရုပ်အလောင်းများကို သယ်ယူစဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့သော လူသတ်အကြမ်းဖက် PDF မားကို ဖမ်းဆီးရမိရေး အခင်းဖြစ်အနီးပတ်ဝန်းကျင်နေရာများအား လုံခြုံရေးပူးပေါင်းအဖွဲ့များဖြင့် လိုက်လံစုံစမ်းနယ်မြေရှင်းလင်း ဆောင် ရွက်လျက်ရှိကြောင်း၊ ၎င်းအကြမ်းဖက်သမားများကို ဥပဒေအရအရေးယူနိုင်ရန် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၄ ဖြင့် ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် အမှုရေးဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

#PAN